အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovern- mental Commission on Human Rights – AICHR) နှင့် အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum-SEANF) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က Virtual Online System ဖြင့် တက်ရောက်ခဲ့ပြီး AICHR မှ ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့က in-person တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် အင်ဒိုနီးရှားနိုင်ငံအာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေး ကော်မရှင်(AICHR Indonesia) နှင့် SEANF အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ တင်ပြသည့် AICHR-SEANF အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၆-၅-၂၀၂၃)
- အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင်နှင့် အရှေ့တောင်အာရှအမျိုး သားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်တို့အကြား တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက AICHR-SEANF အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။
Add new comment