နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကောက်နုတ်ချက်မှာ-

  • ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကရင်နီပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ် အဖြစ် တရားဝင်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည့်နေ့ကို “ကယားပြည်နယ်နေ့”အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏အကျိုးကိုသာ အစဉ်ရှေးရှူကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေရန်နှင့် စားရေရိက္ခာဖူလုံစေရန် အဓိကထားပြီး တိုင်းရင်းသားပြည်သူများနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း တက်ညီ လက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး “ညီညာမှပြည်သာမည်” ဖြစ်သည့်အတွက် အားလုံး၏စုစည်းမှုစွမ်းအားနှင့် ဝိုင်းဝန်းတည်ဆောက်ကြရမည် ဖြစ်ကြောင်း ။
  • တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန် အဓိကကျသည့်အချက်မှာ မိမိတို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း။
  • ယခုလတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန် လုပ်ကြံ သတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့်အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များမှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပြီး ထိုအခြေအနေများ၏ အကျိုးဆက်သည် နိုင်ငံတော်၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်ကြောင်း။
  • ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦး ထိပ်ထား၍ တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ပွားများဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ကြရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများကလည်း အတွေးအခေါ် အယူအဆမှန်ကန်စွာဖြင့် စည်းစည်းလုံးလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းကြောင်း။

ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်သူများဖြစ်ကြ၍ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးကို အားကြိုးမာန်တက်ဆောင်ရွက်နိုင်ကာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားတိုးတက် မြင့်မားရေးကို ဝိုင်းဝန်းဖော်ဆောင်နိုင်ကြပါစေကြောင်း  သဝဏ်လွှာပေးပို့ခဲ့ပါသည်။

  • နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏အကျိုးကိုသာ အစဉ်ရှေးရှူကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေရန်နှင့် စားရေရိက္ခာဖူလုံစေရန် အဓိကထားပြီး တိုင်းရင်းသားပြည်သူများနှင့်အတူ တစ်စိတ် တစ်ဝမ်းတည်း တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီးညီညာမှပြည်သာမည်ဖြစ်သည့်အတွက် အားလုံး၏စုစည်းမှုစွမ်းအားနှင့် ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်။
  • ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန်လုပ်ကြံသတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့်အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များမှားပြီး ညီညွတ်မှုများ ပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည့်အခြေအနေများသည် နိုင်ငံတော်၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ရန် လိုအပ်။

Add new comment