ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား ပို့ဆောင်

        မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။

  • မေလ ၂၄ ရက်တွင် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ပထမအစင်းသည် ဆိုလာ ၂၀၀ စုံ၊ Ground Sheet များ၊ ရွက်ဖျင်တဲများ၊ အိပ်ရာခင်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး အသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စုစုပေါင်းကုန်တန်ချိန် ၄၅ တန်ခန့်အား စစ်တွေကမ်းထိုးရပ်မှ တင်ဆောင်၍ ရသေ့တောင်သို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ဒုတိယအစင်းသည် သွပ်ဆိုဒ်စုံ ၆,၀၀၀ ချပ်၊ မိုးကာတဲ ၄၂ ထုပ်၊ မိုးကာလိပ် ၁၂၅ လိပ် စုစုပေါင်းကုန်တန်ချိန် ၄၂ တန်ခန့်အား မင်းဂံကမ်းထိုးရပ်မှ တင်ဆောင်၍ ရသေ့တောင်သို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် တတိယအစင်းသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး backhoe ၃ စီး၊ ရိက္ခာထုပ် ၁၉၂ ထုပ်နှင့် စားသောက်ကုန်များ စုစုပေါင်းကုန်တန်ချိန် ၁၁ တန်ခန့်အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စင်းသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် WHEEL LOADER ၁ စီး၊ EXCAVATOR ၃ စီး စုစုပေါင်းကုန်တန်ချိန် ၃၀ တန် ခန့်အား အငူမော်ကမ်းထိုးရပ်၌ တင်ဆောင်၍ စစ်တွေမြို့သို့လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့။

  • မေလ ၂၄ ရက်တို့တွင် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် အဝတ်အထည်များနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအား နေပြည်တော်လေဆိပ်မှ ကလေးလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ၁ ကြိမ် ပို့ဆောင်ပေးခဲ့သည့်အပြင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် ဝန်ကြီးဌာနများမှ လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများ၊ ဆေးကုသမှုဆိုင်ရာပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ရေသန့်ဆေးပြားများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ တစ်ကိုယ် ရေသုံးပစ္စည်းများ၊ ဆေးပစ္စည်းများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ကော်ဖီထုပ်များ၊ သွားတိုက်ဆေးများ၊ စည်သွတ်ဘူးများကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၃ ကြိမ် ပို့ဆောင်ပေးခဲ့။

အဆိုပါတပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ရောက်ရှိလာသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့် မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့။

Add new comment