ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

        ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် H.E. Mr .Chen Hai ကို မေလ ၂၄ ရက်တွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က-

  • တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ တရုတ်နိုင်ငံ China- ASEAN Legal Research Center နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ MoU အရ Legi-slative Research, Cultivation of Legal Talents နှင့် Legal Consulting Services နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
  • capacity building နှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက် တရုတ်နိုင်ငံသို့စေလွှတ်၍ ပညာသင်ကြားစေခဲ့ပြီး ပညာသင်သွားရောက်သည့် ကျောင်းသားများအား ဥပဒေရေးရာကိစ္စရပ်နှင့် နိုင်ငံတကာ အတွေ့အကြုံများရရှိရေး လေ့လာစေလျက်ရှိကြောင်း၊
  • China-ASEAN Prosecutors General Conference အား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေးနွေးလျက်ရှိကြောင်းပြောကြားခဲ့။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအပေါ် စာနာထောက်ထားမိကြောင်း၊ တရုတ်နိုင်ငံက ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးမည့် MoU ကိစ္စရပ်အပေါ်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံက ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၅-၂၀၂၃)

 
   
  • တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ တရုတ်နိုင်ငံ China- ASEAN Legal Research Center နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ MoU အရ Legi-slative Research, Cultivation of Legal Talents နှင့် Legal Consulting Services နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဒဏ်ထိခိုက် ခံစားခဲ့ရမှုနှင့်ပတ်သက်၍  ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်ဖြ အထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးခဲ့။

 

Add new comment