ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

      ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

  • မေလ ၂၄ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပေါက်တောမြို့နယ် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ဘဝမ်းကျောင်းတိုက်ဆရာတော်ထံ ဆွမ်း ဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် အမိုးသွပ်များကို ဆပ်ကပ်လှူဒါန်းခဲ့။
  • မေလ ၂၄ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ချင်းပြည်နယ်၊ ဟားခါးမြို့၌ မိုခါမုန်တိုင်းကြောင့် လေဘေးသင့်အိမ်ထောင်စု ၈၂ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အမိုးသွပ်များကို ထောက်ပံ့ပေးအပ်ခဲ့။
  • မေလ ၂၄ ရက်တွင် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြေပုံမြို့ ပြည်သူ့ဆေးရုံ၌ လေဘေးသင့်ဒေသများမှ ဆေးကုသရန်ရောက်ရှိနေသော လူနာများအား ကြည့်ရှုအားပေးပြီး ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့လှူဒါန်းခဲ့။

ထိုသို့ထောက်ပံ့ပေးအပ်မှုများကို လေဘေးသင့်ပြည်သူများက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန် များကို ထောက်ပံ့ပေးအပ်လျက်ရှိ။

Add new comment