နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘုတ်ပြင်းမြို့နယ်ရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၅ ရက်တွင် ဘုတ်ပြင်းမြို့ရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုး ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ရာ-

  • စိုက်ပျိုးမြေများတွင် အမှန်တကယ်စိုက်ပျိုးခြင်းမရှိခြင်းကြောင့် အမှန်တကယ် စိုက်ပျိုးဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့်နိုင်ငံတော်အတွက် များစွာနစ်နာမှုများဖြစ်ပေါ် လျက်ရှိပြီး စိုက်ပျိုးမြေများကို အမှန်တကယ် အသုံးချခြင်း ရှိ/မရှိကို မြေယာမူဝါဒ၊ မြေယာဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီး ဌာနက အမြန်ဆုံးစိစစ် တင်ပြဆောင်ရွက်ရန်လိုကြောင်း။
  • ဆီအုန်းစိုက်ပျိုးမှုမှ စားသုံးဆီများရရှိသကဲ့သို့ အခြားထုတ်ကုန်များကိုလည်း ထုတ်လုပ်လျက်ရှိပြီး လက်ရှိစိုက်ပျိုးနေသည့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့်  စိုက်ပျိုးမြေများတွင် အမှန်တကယ်စိုက်ပျိုးရန်နှင့် ဆီအုန်းများအား စားသုံးဆီထုတ်လုပ်နိုင်ရေးသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် ဆောင်ရွက်ရန်လိုကြောင်း။
  • ဆီအုန်းများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ မြေကောင်းမွန်ရန်နှင့် ရေလုံလောက်စွာရရှိရန်ဆောင်ရွက်ပြီး စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးမြေများအား အခြားနည်းများဖြင့် အသုံးမပြုစေရေး တာဝန်ရှိသူများက ဥပ‌ဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် လိုကြောင်း။
  • သက်တမ်းကုန်ဆုံးတော့မည့် အပင်များပြန်လည်ဖြည့်စွက်စိုက်ပျိုးရာတွင် လစ်ဟာမှု မရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီး အပိုင်းလိုက်ခွဲ၍ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးပင်များ ကုန်ကြမ်းများထုတ်လုပ်နိုင်မှုကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားပြီး စားအုန်းဆီများအား ပြည်ပမှနှစ်စဉ် ဆီတန်ချိန်များစွာတင်သွင်းခဲ့ရကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့်တင်သွင်းခဲ့ရသဖြင့် နိုင်ငံတော်မှ ငွေကြေးများစွာသုံးစွဲ ခဲ့ရကြောင်း။
  • ပညာရှင်များ၏ တွက်ချက်မှုအရ ကျန်းမာရေးအတွက် လူတစ်ဦး၏ တစ်ရက်ဆီလိုအပ် ချက်သည် ၁.၅၈ ကျပ်သားဖြစ်၍ ၁ နှစ်လျှင် ၆ ပိဿာခန့်သာ စားသုံးသင့်ပြီး တစ်ဖက်မှ ဆီစားသုံးမှုလျှော့ချသကဲ့သို့ တစ်ဖက်တွင် ဆီအထွက်နှုန်းတိုးစေရန်အတွက် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကိုယ်စီကျန်းမာသောဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • စားသုံးဆီများတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ယခုစားသုံးဆီ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေဖြင့် ယခုထက်ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။
  • စိုက်ဧကများအား မှန်မှန်ကန်ကန် စနစ်တကျဖြင့် စိုက်ပျိုး၍ အထွက်နှုန်းတိုးမြင့်အောင် ဒေသနှင့်ဘုတ်ပြင်းဒေသများတွင် ဆီအုန်းများ ရာနှုန်းပြည့်စိုက်ပျိုးကြရန်လိုကြောင်း မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် စားသောက်ဖွယ်များအား ပေးအပ်ပြီး တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ဆီကြမ်းထုတ်လုပ်ရေးစက်ရုံအတွင်း စက်ရုံလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  • စိုက်ပျိုးမြေများကို အမှန်တကယ် အသုံးချခြင်း ရှိ/မရှိကို မြေယာမူဝါဒ၊ မြေယာ ဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက အမြန်ဆုံးစိစစ်တင်ပြ ဆောင်ရွက် ရန်လို။
  • ဆီအုန်းများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ မြေကောင်းမွန်ရန်နှင့် ရေလုံလောက်စွာရရှိရန်ဆောင်ရွက်ပြီး စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်မည် ဆိုပါက အထွက်နှုန်းများပိုမိုကောင်းမွန်မည်ဖြစ်။
  • မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားပြီး စားအုန်းဆီများအား ပြည်ပမှနှစ်စဉ် ဆီတန်ချိန်များစွာတင်သွင်းခဲ့ရကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့်တင်သွင်းခဲ့ရသဖြင့် နိုင်ငံတော်မှ ငွေကြေးများစွာသုံးစွဲ ခဲ့။
  • ပညာရှင်များ၏ တွက်ချက်မှုအရ ကျန်းမာရေးအတွက် လူတစ်ဦး၏ တစ်ရက်ဆီလိုအပ်ချက်သည် ၁.၅၈ ကျပ်သားဖြစ်၍ ၁ နှစ်လျှင် ၆ ပိဿာခန့်သာ စားသုံးသင့်ပြီး တစ်ဖက်မှ ဆီစားသုံးမှုလျှော့ချသကဲ့သို့ တစ်ဖက်တွင် ဆီအထွက်နှုန်းတိုးစေရန်အတွက် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကိုယ်စီကျန်းမာသော ဘဝကိုပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်။

Add new comment