ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

      ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်း လျက်ရှိရာ မေလ ၂၄ ရက်တွင်-

  • အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက အလှူငွေကျပ်သိန်းပေါင်း ၉၁,၀၅၃,၀၀၀ ကို ပေးအပ်ခဲ့ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့။

  • ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ အလှူရှင်များက အလှူငွေနှင့် ထောက်ပံ့ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂,၂၅၆ သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လက်ခံရယူခဲ့။

အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၅-၂၀၂၂)

  • ဆိုင်ကလုန်းမုန်တိုင်းမိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှီ အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိ။

Add new comment