ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံပြည်သူစုစုပေါင်း ၁၄၈ ဦးနှင့် တိရစ္ဆာန် ၅ သိန်းကျော်သေဆုံး

         ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှုစာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိရာ-

  • မေလ ၁၇ ရက်ထိရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ် ကွက်များနှင့်ကျေးရွာများမှ ဒေသခံပြည်သူ ၄၈ ဦး သေဆုံးခဲ့။

  • မေလ ၁၈  ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့မှ ဒေသခံပြည်သူ ၆ ဦး၊ IDP Camp မှ ၉၁ ဦး၊ စုစုပေါင်း ၉၇ ဦး သေဆုံးခဲ့။

  • မေလ ၂၁ ရက်တွင် ထပ်မံရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံပြည်သူ ၃ ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၄၈ ဦး ရှိပြီဖြစ်။

  • မေလ ၂၃ ရက်အထိ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်း၏ဆက်စပ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကျွဲ ၄,၂၀၉ ကောင်၊ နွား ၇,၆၆၆ ကောင်၊ ဝက် ၂,၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇,၀၀၅ ကောင် သေဆုံးခဲ့။

  • မေလ ၂၃ ရက်အထိ ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်း၏ဆက်စပ်အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးသီးနှံစုစုပေါင်း ၆၂,၈၃၆ ဧက ပျက်စီးခဲ့။

အဆိုပါနေရာများ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း ၁၄၈ ဦးသေဆုံးခဲ့၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် တိုင်း ဒေသကြီးနှင့်ပြည်နယ်အချို့တွင် ကျွဲ ၄,၂၀၉ ကောင်၊ နွား ၇,၆၆၆ ကောင်၊ ဝက် ၂,၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇,၀၀၅ ကောင် သေဆုံးခဲ့။

  • ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်း၏ဆက်စပ်အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တို့၌ စိုက်ပျိုးသီးနှံစုစုပေါင်း ၆၂,၈၃၆ ဧက ပျက်စီးခဲ့။

  • အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီ ကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိ။

Add new comment