ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းလျက်ရှိရာ မေလ ၂၂ ရက်မှ ၂၃ ရက်အတွင်း-
-
ကချင်ပြည်နယ်အတွင်းရှိ အလှူရှင်များက အလှူငွေကျပ် သိန်းပေါင်း ၃၄၀,၇၈၁,၆၀၀ အား ပေးအပ်လှူဒါန်းခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့။
-
ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ငါးပိ ၁,၀၀၀ ပိဿာ၊ ငါးနီတူခြောက် ၁,၀၀၀ ပိဿာ၊ အိုင်အိုးအင်းဆား ၁၀၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၅၀၀ ဖာ၊ ကြက်ဥ/ ဘဲဥ ၁၀၀,၀၀၀ လုံးနှင့် အနောက်တောင်တိုင်းစစ် ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ကြက်ဥ ၁၃,၀၀၀ လုံး၊ ဘဲဥ ၁၀,၀၀၀ လုံး၊ ငါးနီတူ ခြောက် ၂၀၀ ပိဿာတို့ကို လှူဒါန်းခဲ့။
-
သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက လေဘေးသင့်ပြည်သူများအတွက် တစ်တင်းခွဲဝင်ဆန်အိတ်ပေါင်း ၁,၀၀၀ အိတ် ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လက်ခံခဲ့။
အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၂)
|
Add new comment