တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပခဲ့ရာ-
-
မေလ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
-
မေလ ၂၂ ရက်တွင် ဗန်းမော်မြို့တွင် ရွှေကူ PDF မှ အဖွဲ့ဝင် အမျိုးသား ၁ ဦးသည် KA- 22 သေနတ် ၁ လက်၊ ဘီအေ- ၉၁ လက်ပစ်ဗုံး ၁လုံး၊ အမ်ဂျီ- ၁ လက်ပစ်ဗုံး ၁ လုံး၊ ခဲယမ်းများနှင့်အတူ တာဝန်ရှိသူများထံသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သေနတ် ၁ လက်အတွက် ငွေ ကျပ်သိန်း ၅၀၊ လက်ပစ်ဗုံး ၂ လုံးအတွက် ငွေကျပ် ၃ သိန်းနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ၃ သိန်း၊ စုစုပေါင်းငွေကျပ် ၅၆ သိန်းကို ဆုကြေးငွေအဖြစ်ထောက်ပံ့ပေးအပ်ခဲ့။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး မေလ ၂၂ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၃၉၂ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး၊ စုစုပေါင်း ၅၂၆ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)
-
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေး ထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
-
ဗန်းမော်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်လာသည့် ရွှေကူ PDF မှ အဖွဲ့ဝင် အမျိုးသား ၁ ဦးအား ငွေကျပ် ၅၆ သိန်းကို ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်ခဲ့။
-
မေလ ၂၂ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၃၉၂ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး၊ စုစုပေါင်း ၅၂၆ ဦး ရှိပြီဖြစ်။
Add new comment