မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။
- မေလ ၂၂ ရက်တွင် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၂ စီးဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၁၀ ဦး၊ ရေသန့်စက်တင်ကား ၂ စီး၊ အဝတ်အထည် အထုပ်ကြီး ၁၁ ထုပ် စုစုပေါင်းကုန်တန်ချိန် ၂၁ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်မှတင်ဆောင်၍ ရသေ့တောင်ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့။
- အလားတူ ၎င်းကမ်းထိုးရေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ သဲတန်းကျေးရွာအုပ်စု သဲတန်းရွာ၊ ကုန်းဘောင်ရွာ၊ တန်းခရိုးရွာ၊ လက်ညှိုးငုံရွာများရှိ အိမ်ခြေ ၂၀၆ အိမ်၊ လူဦးရေ ၉၆၅ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတို့အတွက် ထောက်ပံ့သည့် ဆန်၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ရွှေဖီဦး၊ နို့ဆီစသည့် စားသောက်ဖွယ်ရာများအား တင်ဆောင်၍ သွားရောက်လှူဒါန်းခဲ့။
- မေလ ၂၃ ရက်တွင် တပ်မတော်(ရေ)မှ ၅၆ မီတာ ကမ်းထိုးယာဉ် ၂ စီးဖြင့် မြန်မာ့သစ်လုပ်ငန်း(ရခိုင်ပြည်နယ်)၊ ထန်းတောင်သစ်ဆိပ်မှ ကညင်ခွဲသား (၉၆၀) ချောင်း၊ စကားဝခွဲသား (၆၇) ချောင်း၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင် (၈) ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် WA- 320 WHEEL LOADER ၁ စီး၊ MI-2 EXCAVATOR ၃ စီး စုစုပေါင်းကုန်တန်ချိန် (၁၄၉.၆၀၂၂) တန်တို့အား တင်ဆောင်၍ ပို့ဆောင်ပေးခဲ့။
- မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စား သောက်ကုန်ပစ္စည်းများ၊ အသားငါးများနှင့် ကြက်ဥများ၊ စွတ်ကျယ်အင်္ကျီနှင့် အဝတ်အထည်များ၊ Shetter Repair Kit များ၊ အိမ်ဆောက်သံများ၊ လျှပ်စစ် မီးကြိုးများ၊ တာပေါ်လင်စများ၊ မိုးကာများ၊ အိမ်သာခွက်နှင့် အိမ်သာပိုက်များ၊ ဂျယ်လီတန်ဖာများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆိုလာဓါတ်မီးများ၊ ဘက်ထရီအိုး များ၊ သွားတိုက်ဆေးများ၊ သွားတိုက်တံများ၊ ယာယီတဲများ၊ စားပွဲနှင့်ထိုင်ခုံများ၊ ဘုရားဆင်းတုတော်များ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် တပ်မတော်စက်ရုံမှ ထုတ်လုပ်သည့် လက်ဖက်ရည်ထုပ်များ၊ အချိုရည်ဘူးများ၊ စည်သွပ်ဘူးများ ကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၁၂ ကြိမ် ပို့ဆောင်ပေးခဲ့။
အဆိုပါတပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ရောက်ရှိ လာသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ် များဖြင့် ပို့ဆောင်ခဲ့။
Add new comment