ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

     ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

  • မေလ ၂၃ ရက်တွင် မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရံပုံငွေမှ ထောက်ပံ့လှူဒါန်းသောအမိုးသွပ်ပြားများအား သွားရောက်ထောက်ပံ့ခဲ့။
  • မေလ ၂၃ ရက်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းကိုကိုသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆောင်ပီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအတွက် အမိုးသွပ်များအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့။

ထိုသို့ထောက်ပံ့ပေးအပ်မှုများအား လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းရင်း လိုက်လံ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန် များကို ထောက်ပံ့ပေးအပ်လျက်ရှိ။

 

Add new comment