ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

      နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ရာ မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀အနက် ပါတီအမှတ် (၁) မှ (၁၆) အထိအား ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မေလ ၂၂ ရက်တွင်လည်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ပါတီအမှတ် (၁၇)၊ ကရင်ပြည်သူ့ပါတီ(KPP) ကို ပါတီအမှတ်(၁၈)အဖြစ် ထပ်မံခွင့်ပြုခဲ့ပါသည်။

နိုင်ငံရေးပါတီတည်ထောင်လိုသော ၁၃ ပါတီအနက်မှ ၅ ပါတီကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုခဲ့ပြီး အဆိုပါ ၅ ပါတီသည် ပါတီတည်ထောင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့လျှောက်ထားခဲ့ပြီးဖြစ်၍ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တည်ထောင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)

  • မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိ။
  • အဆိုပါ ပါတီများအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ နှင့်အညီ နိုင်ငံရေးပါတီအမှတ် () မှ (၁၆) အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအမှတ် (၁၇) မှ (၁၈) အထိ ထပ်မံခွင့်ပြုခဲ့။
  • နိုင်ငံရေးပါတီတည်ထောင်လိုသော ၁၃ ပါတီအနက်မှ ပါတီကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုခဲ့ပြီး အဆိုပါ ပါတီသည် ပါတီတည်ထောင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီးဖြစ်၍ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိ။

Add new comment