တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

       တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် မေလ ၁၇ ရက်မှ ၂၃ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၅,၅၀၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁,၆၀၇ ဦး၊ ခွဲစိတ်ရောဂါ ၄၉၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၂၉ ဦး၊ ကလေးရောဂါ ၂၃၂ ဦး၊ အရိုးရောဂါ ၆၃၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၂၉၆ ဦး၊ မျက်စိရောဂါ ၁,၃၆၅ ဦးနှင့် သွားရောဂါ ၆၄၆ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၅,၅၀၉ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည့်အပြင် အထွေထွေခွဲစိတ်လူနာ ၁၀၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၀၅ ဦး၊ သွား နုတ်/ဖာ/ဆေးထည့်လူနာ ၂၈၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈၂ ဦး၊ Ultrasound ရိုက် လူနာ ၄၁၈ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၆၈၄ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါဆေးကုသရေးအဖွဲ့သည် ဒေသခံပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် လိုအပ်သောသူများအား ကာကွယ်ဆေးထိုးပေးခြင်း၊ Mask များ ဝေပေး ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ တာဝန်ရှိသူများက ဆေးကုသပေးနေမှုများကို လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)

  • တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် မေလ ၁၇ ရက်မှ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း ,၅၀၉ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့။

Add new comment