နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံနှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆ

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မေလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ကုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေး စကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံ ကျောင်းအုပ်ကြီးက ကျောင်းဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုဆိုင်ရာများနှင့် လေ့ကျင့်ရေးနှစ်အလိုက် သင်တန်းများဖွင့်လှစ်သင်ကြားပို့ချနေမှုဆိုင်ရာများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လမ်းညွှန်အမှာ စကားပြောကြားရာတွင် -

  • ကျောင်းရည်မှန်းချက်တာဝန်ဖြစ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များအား အားကစားနှင့် ကိုယ်ခံပညာအခြေခံသင်တန်းများ၊ အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် တပ်မတော်လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေပြီး ထူးချွန် အားကစားသမား စစ်သည်များကို မြန်မာ့လက်ရွေးစင်အဖြစ်မွေးထုတ်၍ နိုင်ငံတော်၏ အားကစားအဆင့်အတန်းမြင့်မားရေးကို အထောက်အကူပြုနိုင်ရမည်ဟူသည့်အချက်ကို အလေးထားအကောင်အထည်ဖော်ရန်လိုကြောင်း။
  • ကျောင်းစတင်ဖွင့်လှစ်သည့် ၁၉၉၇-၁၉၉၈ မှ ၂၀၂၂-၂၀၂၃ အထိ ကိုယ်ခံပညာနှင့် အားကစားသင်တန်း ၃၇ မျိုးဖွင့်လှစ်ခဲ့ရာ ထူးချွန်အားကစားသမားအဖြစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရွေးစင်အပါအဝင် မြန်မာ့လက်ရွေးစင် ၄၁၂ ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။
  • လက်ရွေးစင်များမွေးထုတ်ရာတွင် နိုင်ငံတကာ Olympic အားကစားနည်းများကို သတ်မှတ်စည်းမျဉ်းများနှင့် နည်းစနစ်ကျနစွာ တတ်မြောက်ကျွမ်းကျင်နေရန် အခြေခံကအစ အဆင့်မြင့်နည်းပညာအထိလေ့ကျင့်နေရန်လိုကြောင်း။
  • ကျောင်း၏ရည်မှန်းချက်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် သန္ဓေနှင့် သင်တန်းသားစစ်သည်များအားလုံး လုံလောက်သော အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်မှုသည် အဓိကကျသဖြင့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးများကိုလည်း နိုင်ငံတော်၏မူဝါဒနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် အားကစားရုံအတွင်း သင်တန်းသားများ၏ တိုက်ကွမ်ဒို၊ လက်ဝှေ့နှင် ဘော်လီဘောလေ့ကျင့်နေမှုများ၊ ဘောလုံးကွင်းအတွင်း သင်တန်းသားများ လေ့ကျင့် သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ခင်းကျင်းပြသထားသည့် အားကစားပစ္စည်းဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀)သို့ ရောက်ရှိခဲ့ပြီး ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများအား လိုက်လံမေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ကုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့။

Add new comment