ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း

     ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်မှုကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/ တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည်-

  • မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင်ရှိ နယ်မြေခံနယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်တို့သို့လည်းကောင်း။
  • ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေခံတပ်ရင်း၊ ဘူးသီးတောင်တပ်နယ်၊ ဝါးခုတ်ချောင်းတပ်နယ်ရှိ နယ်မြေခံတပ်ရင်းများနှင့် ကံစောက်နယ်မြေခံတပ်ရင်းများသို့လည်းကောင်း။
  • ကျောက်တော်တပ်နယ်နှင့် မြောက်ဦးတပ်နယ်တို့သို့လည်းကောင်း။
  • မင်းပြားတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • နယ်မြေခံတပ်မတော်ဆေးရုံများ၌ ဆေးဝါးကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအားအား ပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
  • ကျောက်တော်မြို့နယ်ရှိ မဟာမုနိရုပ်ပွားတော်မြတ်ကြီးအားဖူးမြှော်၍ ပန်း၊ ရေချမ်းကပ်လှူပြီး ဘက်စုံပြုပြင်ရန်အတွက် ငွေများလှူဒါန်းခဲ့။

 ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များသို့ရောက်ရှိစဉ် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ အမြန်ဆုံးပြန်လည်ပြုပြင်ရေးလုပ်ငန်းများ၊ တပ်ရင်းတပ်ဖွဲ့များအလိုက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ခြင်း၊ အရာရှိ/စစ်သည် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)

 
   

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည်-

  • မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင်ရှိ နယ်မြေခံနယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်တို့သို့လည်းကောင်း။
  • ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေခံတပ်ရင်း၊ ဘူးသီးတောင်တပ်နယ်၊ နယ်မြေခံတပ်မတော်ဆေးရုံ၊ ဝါးခုတ်ချောင်းတပ်နယ်ရှိ နယ်မြေခံတပ်ရင်းများနှင့် ကံစောက်နယ်မြေခံတပ်ရင်းများသို့လည်းကောင်း။
  • ကျောက်တော်တပ်နယ်နှင့် မြောက်ဦးတပ်နယ်တို့သို့လည်းကောင်း။
  • မင်းပြားတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။

Add new comment