နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၂ ရက်တွင်  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အရင်းအနှီးများနှင့် နည်းပညာများကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းဈေးကွက်လိုအပ်ချက်ရှိသည့် စားအုန်းဆီလုပ်ငန်းတိုးချဲ့ ဆောင်ရွက်လိုမှု၊ ဒေသတွင်းအောင်မြင်လျက်ရှိသည့် ပန်းပုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း၊ ပြည်ပလက်မှုအနုပညာပြပွဲများသို့ ပါဝင်ပြသနိုင်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေလိုအပ်ချက်အား ကူညီဆောင်ရွက်ပေးစေလိုမှု၊ လူစွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားခဲ့ပါသည်။

လုပ်ငန်းရှင်များ၏ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ချေးငွေများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ထုတ်ချေးပေးထားပြီး ၎င်းချေးငွေများ ပြန်လည်ရရှိမှ သာလျှင် ရင်းနှီးမတည်ငွေများ ပြန်လည်ထုတ်ပေးနိုင်မည်ဖြစ်သဖြင့် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ ဒေသမှထွက်ရှိသည့် ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက် ပြသခြင်းနှင့် MSME လုပ်ငန်းကော်မတီနှင့် အမြဲမပြတ်ဆက်သွယ်ဆောင်ရွက်မှုရယူရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းများအားလုံး၌ မွန်ပြည်နယ်ပြီးပါက စီးပွားရေးအားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး လယ်စိုက်ဧကမှာ ၁၃ သန်း ကျော်ရှိသဖြင့် အဆိုပါမြေများ၌ မိုးစပါးစိုက်ပျိုးပြီး သီးထပ်များကို စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်လာမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံအတွက်ဝင်ငွေများပိုမိုရရှိစေမည်ဖြစ်ကြောင်း။
  • ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း PDF အမည်ခံ အကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှုများကို ကြုံတွေ့နေရသော ကြောင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းဖြစ်ကြောင်း။
  • MSME လုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို မိမိတို့အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း။
  • ပဲခူးတိုင်းဒေသကြီးအတွင်း နွားမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း။
  • သီးထပ်များစိုက်ပျိုးရာတွင် ဆီထွက်သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှစားသုံးဆီတင်သွင်းရမှုများ လျော့ကျသွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် အလုပ်အကိုင်များဖန်တီးပေးနိုင်ရေးနှင့် အလုပ်လုပ်နိုင်ရန် အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိပြီး တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း။
  • မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟုအာမခံကြောင်း။
  • တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံတော်ကိုကောင်းမွန်အောင် ဆောင်ရွက်လိုသည့်စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ကြောင်းဖြင့် ဆွေးနွေးတိုက်တွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၃)

  • မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး လယ်စိုက်ဧကမှာ ၁၃ သန်း ကျော်ရှိသဖြင့် အဆိုပါမြေများ၌ မိုးစပါးစိုက်ပျိုးပြီး သီးထပ်များကို စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်လာမည်ဖြစ်။
  • စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံအတွက်ဝင်ငွေများပိုမိုရရှိစေမည်ဖြစ်။
  • MSME လုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို မိမိတို့အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိ။
  • ပဲခူးတိုင်းဒေသကြီးအတွင်း နွားမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရ။
  • သီးထပ်များစိုက်ပျိုးရာတွင် ဆီထွက်သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှစားသုံးဆီတင်သွင်းရမှုများ လျော့ကျသွားမည်ဖြစ်။
  • မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟုအာမခံ။
  • တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလို။

Add new comment