ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၂၂ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်မှုကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/ တပ်ဖွဲ့ များအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည်-
- မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင်ရှိ နယ်မြေခံနယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်တို့သို့လည်းကောင်း။
- ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေခံတပ်ရင်း၊ ဘူးသီးတောင်တပ်နယ်၊ နယ်မြေခံတပ်မတော်ဆေးရုံနှင့် ဝါးခုတ်ချောင်းတပ်နယ်ရှိ နယ်မြေခံတပ်ရင်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်ဆေးရုံများ၌ ဆေးဝါးကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၃)
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည်-
- မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင်ရှိ နယ်မြေခံနယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်တို့သို့လည်းကောင်း။
- ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေခံတပ်ရင်း၊ ဘူးသီးတောင်တပ်နယ်၊ နယ်မြေခံတပ်မတော်ဆေးရုံနှင့် ဝါးခုတ်ချောင်းတပ်နယ်ရှိ နယ်မြေခံတပ်ရင်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
Add new comment