ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

      ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းလျက်ရှိရာ မေလ ၂၂ ရက်တွင်-

  • ကချင်ပြည်နယ်အတွင်းရှိ အလှူရှင်များက အလှူငွေကျပ် သိန်းပေါင်း ၃၄၀,၇၈၁,၆၀၀ အား ပေးအပ်လှူဒါန်းခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့။

  • ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငါးပိ ၁,၀၀၀ ပိဿာ၊ ငါးနီတူခြောက် ၁,၀၀၀ ပိဿာ၊ အိုင်အိုးအင်းဆား ၁,၀၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၅၀၀ ဖာ၊ ကြက်ဥ/ ဘဲဥ ၁၀၀,၀၀၀ လုံးနှင့် အနောက် တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ကြက်ဥ ၁၃,၀၀၀ လုံး၊ ဘဲဥ ၁၀,၀၀၀ လုံး၊ ငါးနီတူခြောက် ၂၀၀ ပိဿာတို့ကို လှူဒါန်းခဲ့။

အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၂)

  • မိုခါ” (MOCHA) မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကချင်ပြည်နယ်အတွင်းရှိ အလှူရှင်များက အလှူငွေကျပ်သိန်းပေါင်း ၃၄၀,၇၈၁,၆၀၀ အား ပေးအပ်လှူဒါန်းခဲ့။

  • ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငါးပိ ၁,၀၀၀ ပိဿာ၊ ငါးနီတူခြောက် ၁,၀၀၀ ပိဿာ၊ အိုင်အိုးအင်းဆား ၁၀၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၅၀၀ ဖာ၊ ကြက်ဥ/ ဘဲဥ ၁၀၀,၀၀၀ လုံးနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ကြက်ဥ ၁၃,၀၀၀ လုံး၊ ဘဲဥ ၁၀,၀၀၀ လုံး၊ ငါးနီတူ ခြောက် ၂၀၀ ပိဿာတို့ကို လှူဒါန်းခဲ့။

Add new comment