နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီနှင့် Authentic Productlon Co.ltd တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မေလ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co.ltd တို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပါ သည်။

  • ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ သွားရောက်ကြည့်ရှုရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကုမ္ပဏီဥက္ကဋ္ဌ ဦးရွှေကြိုင်က ၁၉၉၉ ခုနှစ်မှစတင်၍ ရေနက်ကွင်းဧရိယာများကို စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး စက်ယန္တရားကြီးများဖြင့် ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရမှု၊ စပါးစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ အအေးခန်းစက်ရုံများမှတဆင့် ပြည်ပသို့နှစ်စဉ်အေးခဲငါးများ တင်ပို့ရောင်းချပေးလျက်ရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးပြောကြားခဲ့ပြီးနောက် ကုမ္ပဏီအတွင်းလှည့်လည်၍ ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ နွားမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ် နေမှု၊ ငါးအခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နေမှု၊ အအေးခန်းစက်ရုံများမှ တန်ဖိုးမြင့် ငါးထုတ်ကုန်များ ထုတ်လုပ်နေမှု၊ ရေညှိ၊ ရေမှော်ပင်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အကြံပြုဆွေးနွေး ပြောကြားခဲ့။
  • Authentic Production Co.ltd သို့ သွားရောက်ကြည့်ရှုရာတွင် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးဟိန်းက ကုမ္ပဏီသမိုင်းအကျဉ်းနှင့် စက်ရုံမှ HDPE၊ DWC၊ PVC စသည့် ပိုက်မျိုးမျိုးကို ဆိုဒ်မျိုးစုံထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ဖြူးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများအပေါ် ဈေးကွက်ရရှိမှု အခြေအနေများအား မေးမြန်းပြီး နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရေပိုက်အမျိုးမျိုးကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေပိုက်စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွင်းရှိ အဖိုးတန်ရေသယံဇာတများကို အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး လေလွင့်ဆုံးရှုံးမှုများ နည်းပါးစေ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေအသုံးပြုမှုကို ပိုက်စနစ်၊ ပန့်စနစ်များဖြင့် စနစ်တကျအသုံးပြုမည်ဆိုပါက ရေကို ထိထိရောက်ရောက် အသုံးချနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး အခြား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် ပစ္စည်းများ ခင်းကျင်းပြသထားမှုများ၊ ကုမ္ပဏီအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၅-၂၀၂၃)

 
   
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ သွားရောက်၍ ငါးမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ နွားမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု၊ ငါးအခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နေမှု၊ အအေးခန်းစက်ရုံများမှ တန်ဖိုးမြင့် ငါးထုတ်ကုန်များ ထုတ်လုပ်နေမှု၊ ရေညှိ၊ ရေမှော်ပင်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အကြံပြုဆွေးနွေး ပြောကြားခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Authentic Production Co.ltd သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထုတ်ကုန်ပစ္စည်းများအပေါ်  ဈေးကွက်ရရှိမှုအခြေအနေများအား မေးမြန်းပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရေပိုက်အမျိုးမျိုးကို ထုတ်လုပ်နိုင်ရန်လိုကြောင်းပြောကြားခဲ့။

Add new comment