ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေလ ၁၉ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့နှင့် ရသေ့ တောင်မြို့များသို့ သွားရောက်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား သီးခြားစီ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့များ၌ မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ၊ ကူညီကယ် ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပါသည်။ ထို့နောက်အဆိုပါမြို့များရှိ မုန်တိုင်းသင့်ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာ ခန်းမများတွင် သီးခြားစီတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင်-
- သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများ၌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုအရ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုယ်တိုင်မျက်မြင်တွေ့ရှိနိုင်ရန် ယခုကဲ့သို့ လာရောက်ခြင်းဖြစ် ကြောင်း။
- ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြို့နေဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများအနေဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ မိမိမြို့/ရွာသန့်ရှင်းသာယာလှပရေးအတွက် အင်တိုက်အားတိုက် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း။
- ဇွန်လ ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အမိုးအကာအောက် လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် အတွက် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင်ရန်လိုကြောင်း။
- ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူ တက်ရောက်မှု အများဆုံးဖြစ်သည့် အထက်တန်းကျောင်းများနှင့် မြို့နယ်ဆေးရုံကြီး (ကုတင်-၅၀)ကို ဦးစားပေးအဖြစ် အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန်လိုကြောင်း။
- ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာဆောင်ရွက်နိုင်ရန် စာရင်းဇယားမြန်ဆန်မှန်ကန်စွာ ကောက်ယူနိုင်ရန်လိုအပ်ကြောင်း၊ သို့မှသာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စီမံခန့်ခွဲ၍ ပို့ဆောင်ပေးနိုင်မှာဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး ကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်ကြောင်း။
- ယခုမုန်တိုင်းလွန်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြန်ဆုံးမူလအခြေအနေထက် သာလွန်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် မုန်တိုင်းသင့်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ငပိ စသည့် အခြေခံစားသောက် ကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၅-၂၀၂၃)
- သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများ၌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုအရ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်တိုင်မျက်မြင်တွေ့ရှိနိုင်ရန် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်။
- ဇွန်လ ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အမိုးအကာအောက် လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် အတွက် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အမြန်ဆုံးပြန်လည်ပြုပြင်ရန်လို။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး ကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မုန်တိုင်းသင့်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုန်တိုင်းသင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား အခြေခံစား သောက်ကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့။
Add new comment