ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ ကားလမ်းများရေကျော်ခြင်း၊ လမ်းမီးတိုင်များပျက်စီးခြင်း၊ တာဝါတိုင်များ ပျက်စီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံ ပြည်သူများအနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦ (Cyclone Shelter) များ၊ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိပါသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လေယာဉ်/ရဟတ် ယာဉ်၊ စစ်ရေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ-
- မေလ ၁၉ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များပါဝင်သည့် အင်အား ၂၅ ဦးနှင့် အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ၊ စားသောက်ကုန်များ၊ သွပ်များ၊ ဆေးပစ္စည်းနှင့် အရေးပေါ်သုံးပစ္စည်းများနှင့် ကူညီကယ် ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးခဲ့။
- တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆၈၅ ဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦး၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ရိက္ခာအမယ်စုံ၊ အထောက် အကူပြုပစ္စည်းများ၊ ဆန်အိတ် ၂၀၀ နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုစုပေါင်း ၂၅ တန်ခန့်အား ပို့ဆောင်ခဲ့။
- တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ်တစ်စင်းသည် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ World Bank မိုးကာတဲ၊ မိုးကာလိပ်နှင့် ဆက်စပ်ပစ္စည်းများ၊ စင်ကာပူ မိုးကာတဲများ၊ ကျား/မ ဝတ်လုံချည်နှင့် အထည်များ၊ တီရှပ်အထည်များ၊ စောင်၊ ခြင်ထောင်နှင့် တဘက်များ၊ ဆပ်ပြာတောင့်များ၊ ကလေး(ကျား၊မ) ကျောင်းဝတ်စုံများ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီ အလုံး ၂၀၊ ဓာတ်ဆီ ငါးလုံး စုစုပေါင်း ၁၀ တန်အားလည်းကောင်း။
- အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် နှစ်စင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသန့်စက်ယာဉ်၊ CANOPY အမိုးစိမ်းအထည်များ၊ ၆၀ ဆံ့ မိုးကာတဲ နှင့်ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၃၂ဒသမ ၅ တန်အား လည်းကောင်း စစ်တွေမြို့ ၌ တင်ဆောင်ထွက်ခွာလာပြီး ရေချမ်းပြင်မှတစ်ဆင့် ရသေ့တောင်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဆက်လက်ဖြန့်ဝေနိုင်ခဲ့။
ဆက်လက်၍ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တပ်မတော်လေယာဉ်များဖြင့် ရန်ကုန်တိုင်း ဒေသကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များပါဝင်သည့် အင်အား ၂၅ ဦးနှင့် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ပစ္စည်းများ၊ စားသောက်ကုန်များ၊ သွပ်များ၊ ဆေးပစ္စည်းနှင့် အရေးပေါ်သုံးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးခဲ့။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ရန် စစ်ရေယာဉ်တို့သည် ထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်း ၆၇.၅ တန်ခန့်အား မေလ ၁၉ ရက်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများသို့ပေးဝေခဲ့။
Add new comment