စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၈ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဆိုင်ရာကုန်စည်ပြပွဲ (The 5th Western China International Fair for Investment and Trade - WCIFIT) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ကုန်စည်ပြပွဲ၌ မြန်မာပြခန်းများအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ခင်းကျင်းပြသထားသည့် ပြခန်းပေါင်း ၈၂၄ ခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်-
-
မေလ ၁၈ ရက်တွင် ချုံချင့်မြို့၊ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Li Mingqing တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်၍ နှစ်နိုင်ငံအကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
-
မေလ ၁၉ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ လင်ချန်းမြူနီစပယ်ကော်မတီအတွင်းရေးမှူး Mr. Zhang Zhizheng နှင့် လင်ချန်းမြို့တော်ဝန် Mr. Du Jianhui အပါအဝင် တာဝန်ရှိသူများအား Lintong Hotel ၌ သွားရောက် တွေ့ဆုံကာ နယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဂိတ်များ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
-
မေလ ၂၀ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ တဲဟုန်မြို့ပြည်နယ်ခွဲပါတီအတွင်းရေးမှူး Mr. Jiang Shan၊ ကုန်သွယ်မှုနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး၊ နယ်စပ်ဂိတ်များအကြား အခြေခံအဆောက်အဦ မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုအတွက် ဘဏ်စနစ်တိုးမြှင့်အသုံးပြုနိုင်ရေး၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့။
-
မေလ ၂၁ ရက်တွင် ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူး Mr. Wang Ning နှင့် တွေ့ဆုံ၍ မြန်မာ့လယ်ယာထွက်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်၍ တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့်လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာမြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များအပြင် မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက်လည်း ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေငါးသိန်း (၅၀၀,၀၀၀) လှူဒါန်းမည်ဟု ဆွေးနွေး ပြောကြားခဲ့။
-
မေလ ၂၁ ရက်တွင် ကူမင်းမြို့၌ တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် GACC ၏ ခွင့်ပြုချက်ရရှိရေး၊ နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် (Single Win-dow) ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင်ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်သွား နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ ကျူကုတ်နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူဝင်/လူထွက်လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန်ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၅-၂၀၂၃)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူး၊ တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြူနီစပယ်ကော်မတီအတွင်းရေးမှူး၊ လင်ချန်းမြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ကူမင်းမြို့၌ တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ အဖွဲ့ဝင် Mr. Zhao Zenglian တို့အား သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့။
Add new comment