ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း

    ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိရာ မေလ ၁၈ ရက်တွင်-

  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ အလှူရှင်များက အလှူငွေကျပ်သိန်းပေါင်း ၁,၂၇၅ သိန်းနှင့် သွပ်အချပ်ရေ ၁,၀၀၀ တို့အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့။
  • အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အလှူရှင်များက မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အလှူငွေများပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့။
  • တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ အလှူရှင်များက အလှူငွေကျပ်သိန်းပေါင်း ၂,၆၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စုစုပေါင်း တရုတ်ယွမ်ငွေတစ်သိန်းခန့်တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များကို မေလ ၁၂ ရက်တွင် ကူမင်းမြို့ ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ မေလ ၁၈ ရက်တွင် အဆိုပါပစ္စည်းများကို ရွှေလီမြို့မှတစ်ဆင့် မူဆယ်မြို့ မန့်ဝိန်းဂိတ်၌ တာဝန်ရှိသူများက လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့ နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ် ခု၌ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့။
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေး အသင်းက မြန်မာနိုင်ငံ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စုစုပေါင်း တရုတ် ယွမ်ငွေ တစ်သိန်းခန့်တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက် ကုန်များကို လှူဒါန်းခဲ့။

Add new comment