ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် မေလ ၁၈ ရက်အထိ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုစာရင်းများ

        ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် မေလ ၁၈ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေရှိ ရပ်ကွက်/ကျေးရွာ ၄၄ ရွာ၊ ချင်းပြည်နယ်ရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ ပဲခူးတိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာ ၇၂ ရွာ၊ မကွေးတိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာ ၃၄ ရွာ၊ မန္တလေး တိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာ၊ မွန်ပြည်နယ်ရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာ၊ ရခိုင်ပြည်နယ်ရှိ ရပ်ကွက်/ကျေးရွာ ၆၈၆ ရွာ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်/ ကျေးရွာ ၆၅ ရွာ၊ ရှမ်းပြည်နယ်ရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာ၊ စုစုပေါင်းရပ်ကွက်/ကျေးရွာ ၁,၀၆၈ ရွာအတွင်းရှိ လူနေအိမ် ၁၈၃,၀၂၄ လုံး၊ သာသနိကအဆောက်အဦ ၁,၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁,၃၉၇ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊  ဌာနဆိုင်ရာအဆောက်အဦ ၃၄၀ လုံးပျက်စီးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် သေဆုံးသူ ၅၄ ဦးနှင့် IDP Camp မှ ၉၁ ဦး စုစုပေါင်း ၁၄၅ ဦး သေဆုံးခဲ့ပါသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ်များ၊ သာသနိကအဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဆက်သွယ်ရေးတာဝါ တိုင်များ၊ လမ်းမီးတိုင်များနှင့် ဌာနဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် သေဆုံးသူ ၁၄၅ ဦးရှိပြီဖြစ်။
  • အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ။

Add new comment