မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပ

          မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃)ကို မေလ ၁၈ ရက်မှ ၂၀ ရက် အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပ လျက်ရှိရာ မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် အဆိုပါညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက်ရောက်၍ Keynote Speech ပြောကြား ရာတွင်−

  • မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ  “ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ဦးတည်ချက်ဖြင့်  ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း။
  • ပညာရေးမြှင့်တင်ခြင်းသည် ပညာရှာမှီးသူ ပုဂ္ဂိုလ်များကိုသာမက လူ့အသိုင်းအဝိုင်းနှင့် မျက်မှောက်ကမ္ဘာကြီးတစ်ခုလုံး၏အနာဂတ်ကို  ပုံဖော်နေခြင်းဖြစ်ကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်က ညီလာခံကြီးကျင်းပရသည့် ရည်ရွယ်ချက် ခုနစ်ချက်ကို လမ်းညွှန်ပေးခဲ့ကြောင်း။

(၁)     ပညာရေးတန်းစဉ် ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့်နည်း လမ်းရှာရန်၊

(၂)     KG +9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အားလုံး ဆောင်ရွက်ရန်၊

(၃)     အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် KG+ 10၊ 11၊ 12 တွင် စိုက်ပျိုး၊ မွေးမြူရေး၊ နည်းပညာရပ်များ သင်ကြားရေး၊

(၄)       လုပ်ငန်းခွင် လက်တွေ့အသုံကျမည့် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုသိပ္ပံများ ထိရောက်စွာ သင်ကြားရန် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊

(၅)     အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့်သင်ကြားရေး၊

(၆)     ဝိဇ္ဇာ၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေး၊

(၇)     လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိစေရေးတို့ဖြစ်ကြောင်း။

  • ခရိုင် ၅၀ တွင် ယခုဇွန်လမှစတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်း အသစ်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ထိုကျောင်းများတွင် သုံးနှစ်တက်ရောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်ကြသကဲ့သို့ ထူးချွန်သူများအနေဖြင့်လည်း အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးခွင့် ရရှိ မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကိုကျင်းပရာ   စကားဝိုင်းဆွေးနွေးပွဲ-၁ တွင် “ကျောင်းတက်သူဦးရေတိုးတက်ရေးနှင့်  အနည်းဆုံး KG+9 ပြီး မြောက်ရေးနည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စကားဝိုင်းဆွေးနွေးပွဲ-၂ တွင် “အဆင့်မြင့်ပညာကဏ္ဍတွင် ဘာသာရပ်ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူပြုစေမည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လုံလောက်စွာ မွေးထုတ်ရေးနည်းလမ်းများ ဖော်ထုတ်ခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စကားဝိုင်းဆွေးနွေးပွဲ-၃ တွင် “KG+9 အလွန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများကလည်း တက်ကြွစွာ ပါဝင်မေးမြန်းခြင်း၊   ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း  သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၃)

  • မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)ကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိ။
  • ပညာရေးမြှင့်တင်ခြင်းသည် ပညာရှာမှီးသူပုဂ္ဂိုလ်များကိုသာမက လူ့အသိုင်းအဝိုင်းနှင့် မျက်မှောက်ကမ္ဘာကြီးတစ်ခုလုံး၏အနာဂတ်ကို  ပုံဖော်နေခြင်းဖြစ်။
  • ခရိုင် ၅၀ တွင် ယခုဇွန်လမှစတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်း အသစ်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ထိုကျောင်းများတွင် သုံးနှစ်တက်ရောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်ကြသကဲ့သို့ ထူးချွန်သူများအနေဖြင့လည်း အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးခွင့်ရရှိမည်ဖြစ်။

Add new comment