ရခိုင်ကမ်းရိုးတန်းဒေသသို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိခဲ့ပါသည်။
အဆိုပါအိန္ဒိယရေတပ်မှ စစ်ရေယာဉ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Vinay Kumar နှင့် သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှအရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
အိန္ဒိယသံအမတ်ကြီးက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ရောက်ရှိလာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်များတွင် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြသည့် အသင့်စားခေါက်ဆွဲ၊ အာဟာရပြည့်ဘီစကစ်၊ ငါးသေတ္တာဘူး၊ ရွက်ဖျင်တဲ၊ တာပေါ်လင်စ၊ စောင်၊ လက်နှိပ်ဓာတ်မီး၊ ဆိုလာမီးအိမ်၊ လူနာသုံးတွန်းလှည်း (Wheel Chair)၊ ချိုင်းထောက်၊ ရွှေ့ပြောင်းနိုင်သောမီးစက်၊ ရေစုပ်စက်၊ သစ်ဖြတ်လွှ (Chain Saw)၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ သန့်ရှင်းရေး သုံးပစ္စည်းများ (ရေ၊ မီး၊ မိလ္လာ)နှင့် ဆေးဝါးများစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန် ၂၅ တန်ခန့်ဖြစ်ပါသည်။
အဆိုပါအိန္ဒိယစစ်ရေယာဉ်များဖြင့် ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်း များနှင့် စားသောက်ဖွယ်ရာများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိ စေရေးအတွက် သီလဝါဆိပ်ကမ်း MITT တံတားမှ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကာ ၎င်းမှတစ်ဆင့် ညနေပိုင်းတွင် တပ်မတော်(လေ)မှလေယာဉ်ဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပြီး မုန်တိုင်းသင့် ပြည်သူများထံသို့ အမြန်ဆုံးဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက် စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ ကျေး ရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယ နိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိခဲ့။
- အဆိုပါအိန္ဒိယစစ်ရေယာဉ်များဖြင့် ရောက်ရှိလာသော ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် သီလဝါဆိပ်ကမ်း MITT တံတားမှ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကာ ၎င်းမှတစ်ဆင့် တပ်မတော်(လေ)မှလေယာဉ်ဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ ဆောင်ပြီး မုန်တိုင်းသင့်ပြည်သူများထံသို့ အမြန်ဆုံးဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ။
Add new comment