နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပညာရေးညီလာခံအခမ်းအနားမုခ်ဦးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံကို မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။
  • ယခုညီလာခံကြီးကို ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းပြီး စကားဝိုင်းဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများနှင့် ကျင်းပမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပညာရေးတိုးတက်မြင့်မားရေးကို အဟန့်အတားဖြစ်နေသည့် အခက်အခဲများ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို စုပေါင်းဆွေးနွေးအဖြေရှာပြီး အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းသတ်မှတ်နိုင်ကြမည်လည်း ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်း အားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း ကျောင်းနေသူ ၁၉.၄၄ သန်းတွင် ပဉ္စမတန်းတက်ရောက်သူ ၁၁.၃၇ သန်း (၅၇.၂၉ ရာခိုင်နှုန်း)ရှိပြီး အလယ်တန်းအဆင့် ၈ တန်းသို့ တက်ရောက်သူ ၇.၇၈ သန်း (၄၀.၂၆ ရာခိုင်နှုန်း) သာရှိကြောင်း။
  • ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ်အထက်လူဦးရေ ၄၆.၄၆ သန်းတွင် သက်မွေးပညာပြီးသူ ၂.၉ သိန်း၊ ဘွဲ့ရသူ ၃ သန်း ရှိသည်ကိုတွေ့ရှိရကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ပညာရေးဝန်ကြီးဌာနကို တာဝန်ပေးစိစစ်စေသည့်အခါ အဆိုပါအခြေအနေများကို တွေ့ရခြင်းဖြစ်ကြောင်း။
  • ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်း အားဖြင့် အလုပ်လုပ်နိုင်သူ ၂၂.၉ သန်း အနက်တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှုသာရှိကြောင်း။
  • နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ယင်းအနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကျောင်း၊     ၉.၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပါနေကြောင်း။
  • အလယ်တန်းနှင့် အထက်တန်းပြီးမြောက်သူများ တက်ရောက်ကြသည့် နည်းပညာ နှင့် သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာတန်း ပြီးမြောက်သူသည် တစ် နိုင်ငံလုံးတွင် သုံးသိန်းခန့်သာ ရှိသည့်အတွက် အလယ်တန်းဆင့် ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြရမည်ဖြစ်ကြောင်း။
  • ကျောင်းနေအရွယ်ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးကြရန်လိုအပ်ကြောင်း၊ Educa- tion for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေအကောင် အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း။
  • ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပြီး ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
  • နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကိုအဓိကတည်ဆောက်ကြရကြောင်း။
  • နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ်ပေါ ကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျနေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရေးကို ဦးတည်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေး နှင့် အနာဂတ်ပညာရေးပိုမိုကောင်းမွန်လာစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် တက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွားကြပါက မအောင်မြင်စရာ အကြောင်းမရှိသည်ကို ပြောကြားလိုကြောင်း။
  • နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာ အုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့ အတန်းကူးပြောင်းသွားကြသည့် ကျောင်းသားများထံမှ ကျောင်းဝတ်စုံများနှင့် စာ အုပ်များကို လိုအပ်သည့်ကျောင်းသားများဆီ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမှန်တကယ် ကျောင်းနေရန် အခက်အခဲရှိသည့်ချို့တဲ့နွမ်းပါးသူများကို ပညာသင် ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့် မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက်လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
  • စာသင်ဆောင်၊ စာသင်ခန်း၊ ကျောင်းစာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ သောက်ရေ၊ သုံးရေ၊ သန့်စင်ခန်း၊ အားကစားကွင်းနှင့် ကာယပစ္စည်းများ ဖြည့်ဆည်းရေးကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တစ်ခုဖြစ်သည့် သွင်း ကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံ သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ( MSME ) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ် လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးကို ရည် ရွယ်ပြီး‌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။
  • KG+9 အလယ်တန်း ပညာရေး ပြီးဆုံးအောင်မြင်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ကြပြီး အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် Grade 10 ၊ Grade 11 ၊ Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို သင်ယူလေ့ကျင့်နိုင်ကြမည် ဖြစ်ကြောင်း။
  • ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျန်ခရိုင် ၇၅ ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းအားလုံး ဖွင့်ပြီးသော်လည်း တန်းခွဲ ၁ ခု ၅၀ ဖြင့် နယ်ပယ် ၃ ခုမှ အခြေခံပညာအထက်တန်း အဆင့် ၁ နှစ် ၁၈,၅၀၀ ဦးသာ သင်ကြားပြီးမြောက်မည်ဖြစ်ကြောင်း၊ ၁၀ နှစ်လျှင် ၁၈၅,၀၀၀ ရှိမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် အဆင့်မြင့် ပညာသင်ကြားနိုင်စေရေး ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
  • ယခုကျောင်းများတွင် နိုင်ငံတော်၏ လိုအပ်ချက်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း။
  • လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် သက် မွေးပညာရပ်များကို သင်ကြားပေးရုံသာမက လက်တွေ့လုပ်ငန်းခွင်မှာ လေ့ကျင့်နိုင် ရန်အတွက် အစိုးရ -ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership) ကို ချိတ်ဆက်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာထဲတွင် ပညာ ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံးအကျိုးရလဒ်များကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွဲဝေပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန အပါအဝင် ပညာရေးနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ် စုစုပေါင်း ၃,၁၄၆ ဒသမ ၁၄၉ ဘီလီယံခွင့်ပြုထားကြောင်း၊ အဆိုပါခွင့်ပြုပေးထားသည့် ပညာရေး အသုံးစရိတ်သည် ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ယူခဲ့သည့် ၂ နှစ်တာကာ လအတွင်း ပညာရေးအတွက်ထင်ရှားသည့်ချီးမြှင့်မှု၊ ပံ့ပိုးမှုအချို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကစတင်ပြီး သင်ကြားရေးဆရာ ဆရာမများကို ပညာ အရည်အချင်းအလိုက် ချီးမြှင့်ငွေများပေးအပ်ခဲ့ရာတွင် ပါရဂူဘွဲ့အတွက် သုံးသောင်း ကျပ်နှုန်း၊ မဟာဘွဲ့အတွက် နှစ်သောင်းငါးထောင်ကျပ်နှုန်း၊ ဘွဲ့လွန်ဒီပလိုမာအတွက် တစ်သောင်းကျပ်နှုန်းဖြင့် လစဉ်ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စတင်ပြီး အုပ်ချုပ်မှုစရိတ်အဖြစ် တက္ကသိုလ်ပါမောက္ခချုပ်၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများအား ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းကို လစဉ်ထပ်ဆောင်း ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။
  • ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး တိုင်းရင်းသားနေ့စားလပေး သင်ကြားရေးအထောက်အကူပြု ဆရာ (Teaching Assistant) များကို မူလက တစ်လလျှင် ကိုးသောင်းခြောက်ထောင်ကျပ်မှ တစ်သိန်းသုံးသောင်းကျပ်ကိုလည်းကောင်း၊ တိုင်း ရင်းသားဘာသာစကားသင်ဆရာ (Language Teacher)များကို ပုတ်ပြတ်တစ်လ လျှင် သုံးသောင်းကျပ်နှုန်းမှ ခြောက်သောင်းကျပ်ကိုလည်းကောင်း တိုးမြှင့်ပြီး လစဉ်ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကစတင်ပြီး အိမ်ငှားစရိတ်အဖြစ် လူပျို၊ အပျိုများအတွက် မူရင်းလစာ၏ ၄ ရာခိုင်နှုန်းနှင့် အိမ်ထောင်သည်များအတွက် မူရင်းလစာ၏ ၈ ရာခိုင် နှုန်းကို လစဉ်ထောက်ပံ့လျက်ရှိကြောင်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဝတ်စုံစရိတ်အဖြစ် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် တစ်ဦးလျှင်သုံးသောင်းကျပ် ထောက်ပံ့လျက်ရှိကြောင်း။
  • ထိရောက်သည့် သင်ကြားသင်ယူမှုမြှင့်တင်နိုင်ဖို့အတွက် ဆရာကျောင်းသား အချိုး မျှတရန်လိုအပ်သည်နှင့်အညီ ပညာရေးဝန်ကြီးဌာနတွင် ဆရာဆရာမ အသစ်များ ကို ခန့်ထားပေးခဲ့ရာ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမ ပေါင်း ၁၃,၉၀၃ ဦး၊ တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ၅,၈၉၉ ဦးနှင့် ပညာရေးဒီဂရီ ကောလိပ်နည်းပြ၊ သရုပ်ပြ ၃၃၃ ဦးတို့ကို ခန့်အပ်ပေးခဲ့ကြောင်း။
  • အခြားဝန်ကြီးဌာနများက ကျောင်းအသီးသီးတွင်လည်း ဆရာ၊ ဆရာမ ၇,၅၃၇ ဦးကိုခန့်အပ်ခဲ့ကြောင်း။ ယခင်က ပညာရေးတက္ကသိုလ်နှစ်ခုမှာသာဖွင့်လှစ်ခဲ့သည့် ဘီအီးဒီ (စာပေးစာယူ) ဘွဲ့သင်တန်းကို ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှာ တစ်နှစ်လျှင် နှစ်သုတ်နှုန်းဖြင့် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
  • အခြေခံပညာကဏ္ဍတွင် စာသင်ဆောင်အသစ် ၅,၈၃၅ ဆောင်၊ စာကြည့်တိုက် ၁၂၅ ဆောင်၊ အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်များမှာ စာသင်ဆောင်အသစ် ၂၁ ဆောင်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် ၂၂ ဆောင်၊ ဆရာ ဆရာမအဆောင် ၃ ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ ၃ ခု၊ သုတေသနစင်တာ ၅ ခု၊ စာကြည့်တိုက် ၃ ခု၊ အားကစားရုံ ၁ ရုံနဲ့ ပညာရေးဒီဂရီကောလိပ်များမှာ စာသင်ဆောင်အသစ် ၂၃ ဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ၄၀ ၊ ဝန်ထမ်းအိမ်ရာ ၂၇ ခု၊ စာကြည့်တိုက် ၁ ခု၊ အားကစားရုံ ၂ ရုံတို့ဆောက်လုပ်ပေးခဲ့သည့်အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းတိုင်းတွင် သင်ထောက်ကူပစ္စည်း၊ စက်ပစ္စည်း၊ ပရိဘောဂ၊ ဓာတ်ခွဲ ခန်းသုံးပစ္စည်း၊ ရည်ညွှန်းစာအုပ်များကို ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ အခြားဝန်ကြီး ဌာနများမှ ကျောင်းအသီးသီးတွင် အဆောက်အဦ ၁၄၈ လုံးဆောက်လုပ်ပေး နိုင်ခဲ့ပါကြောင်း။
  • နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးပြီး ပညာရေးကဏ္ဍ မြင့်မားစေရန် အဖက်ဖက်မှပံ့ပိုးပေးလျက်ရှိသကဲ့သို့ ပညာရေးဝန်ထမ်း များကလည်း မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း။
  • ယခုကျင်းပသည့် ညီလာခံတွင် ဝန်ကြီးဌာနပေါင်းစုံမှ ပညာရှင်များက အနာဂတ်မြန်မာ့ပညာရေး ပိုမိုကောင်းမွန်စေရေးအတွက် ရှုထောင့်စုံမှ ရင်းနှီးပွင့်လင်းစွာ  သုံးသပ်ဆွေးနွေးနိုင်ကြစေကြောင်း၊ တက်ကြွစွာဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ် ရလဒ်ကောင်းများစွာ ဖော်ထုတ်နိုင်ပါစေကြောင်း၊ ပညာတတ်သည့် မျိုးဆက်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပညာရေးနှင့် ဆက်နွယ်သည့်ဝန်ကြီးဌာန ၁၁ ခုမှ ခင်းကျင်းပြသထားသော ပြခန်းများကို စိတ်ပါဝင်စားစွာလှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ညီလာခံကို မေ ၁၈ ရက် မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၃)

  • မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံကို မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်။
  • ကျောင်းနေအရွယ်ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးကြရန်လိုအပ်။
  • Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေအကောင်အထည်ဖော်သွားကြရမည်ဖြစ်။
  • ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပြီး ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်။
  • နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာ အုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့ အခက်အခဲရှိသည့်ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးခြင်းတို့သည် မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက်လျော့ကျစေနိုင်။
  • ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံး အကျိုးရလဒ်များကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်။
  • နိုင်ငံတော်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအပါအဝင် ပညာရေးနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ်စုစုပေါင်း ,၁၄၆.၁၄၉ ဘီလီယံခွင့်ပြုထား။
  • အဆိုပါခွင့်ပြုပေးထားသည့် ပညာရေးအသုံးစရိတ်သည် ပြည်ထောင်စုအသုံးစရိတ်၏ .၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ .၁၈ ရာခိုင်နှုန်းရှိ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပညာရေးအတွက် ချီးမြှင့်မှု၊ ပံ့ပိုးမှုတို့ကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကစတင်၍ သင်ကြားရေးဆရာ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့။
  • ထိရောက်သည့် သင်ကြားသင်ယူမှုမြှင့်တင်နိုင်ဖို့အတွက် ဆရာ/ကျောင်းသားအချိုး မျှတရန်လိုအပ်သည်နှင့်အညီ ပညာရေးဝန်ကြီးဌာနတွင် ဆရာ/ဆရာမအသစ်များ ကို ခန့်ထားပေးခဲ့။
  • အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍများတွင် အဆောက်အဦနှင့် အားကစား ရုံများကို ဆောက်လုပ်ပေးခဲ့သည့်အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်း တိုင်းတွင် သင်ထောက်ကူပစ္စည်း၊ စက်ပစ္စည်း၊ ပရိဘောဂ၊ ဓာတ်ခွဲခန်းသုံးပစ္စည်း၊ ရည်ညွှန်းစာအုပ်များကို ဖြည့်ဆည်းပေးခဲ့။

Add new comment