အကြမ်းဖက်အဖွဲ့အစည်းများအား ဆက်သွယ်ထောက်ပံ့နေသူများ၊ စစ်သင်တန်း တက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား စစ်ခုံရုံးက ပြစ်ဒဏ်အသီးသီးချမှတ်

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည့်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသူများအား ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပါသည်၊၊

  • ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂/၆)ရပ်ကွက်နေ ဝေယံထွန်း(ခ)ဝင်းရိုး အပါအဝင်(၃)ဦး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဗိုလ်ဗိုလ်မင်း(ခ)ခေတ်ဆောင်မှူးနှင့် စိုးသူထွန်းတို့သည် အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်ခြင်း၊ ပြည်သူတစ်ဦး၏နေအိမ်အတွင်းသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်း၊ လှိုင်သာယာမြို့နယ် ရာအိမ်မှူးတစ်ဦးအား လုပ်ကြံသတ်ဖြတ်ရာတွင်  ပါဝင်ခြင်းနှင့် ဘုရားလမ်းမီးပွိုင့်အနီးရှိ ယာဉ်ထိန်းရုံးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအားသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါ ဝင်ခဲ့ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကြောင့် ၎င်းတို့ ၅ ဦး အား ဇန်နဝါရီလ ၁၂ ရက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) နှင့် ၅၀(ဈ) အရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ချမှတ်ခဲ့၊၊
  • နိုဝင်ဘာလ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် သူရလင်း(ခ)သူရ၊ ဇော်သူရခွန်း(ခ)မိုးဇော်သန်း(ပြေး)တို့ ၂ ဦးအား ဇန်နဝါရီလ ၁၂ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)/၅၄  အရ ၎င်းတို့ကို “သေဒဏ်” ချမှတ်ခဲ့၊၊

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်၊၊

  • အကြမ်းဖက်အဖွဲ့အစည်းများထောက်ပံ့နေသူများ၊ စစ်သင်တန်းတက်ရောက် ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူ ၅ ဦးအား အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)နှင့် ၅၀(ဈ) အရ “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ချမှတ်ခဲ့၊၊
  • ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် တရားခံ ၂ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)/၅၄ အရ “သေဒဏ်” ချမှတ်ခဲ့၊၊

Add new comment