မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည် နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သည့် စစ်တွေလေဆိပ်ကို မေလ ၁၅ ရက်တွင် ဌာနအကြီးအကဲနှင့်အတူ တာဝန်ရှိသူများ စေလွှတ်၍ လိုအပ် သည်များ အမြန်ဆုံး ပြန်လည်ပြင်ဆင်စေခဲ့ပါသည်။
ထိုသို့အမြန်ဆုံးပြန်လည်ပြင်ဆင်ခဲ့သည့်အတွက် မေလ ၁၈ ရက်မှစ၍ ရန်ကုန် - စစ်တွေ - ရန်ကုန် ပုံမှန်လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတို့မှ ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ရခိုင်ပြည် နယ်အတွင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များသို့လည်း လေကြောင်းလိုင်းများ က ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၃)
- ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သည့် စစ်တွေလေဆိပ်ကို အမြန်ဆုံး ပြန်လည်ပြင်ဆင် ခဲ့သည့်အတွက် မေလ ၁၈ ရက်မှစ၍ ရန်ကုန် - စစ်တွေ - ရန်ကုန် ပုံမှန် လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတို့မှ ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များသို့လည်း လေကြောင်းလိုင်းများက ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိ။
Add new comment