တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် မုန်တိုင်းသင့်ပြည်သူများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းလျက်ရှိရာ-
- မေလ ၁၇ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဘေးသင့်သူများအတွက် အများ ပြည်သူမှ အလှူငွေများ လှူဒါန်းရာတွင် လွယ်လင့်တကူ လှူဒါန်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အများပြည်သူလွယ်ကူစွာ လှူဒါန်းနိုင်ရေးနည်းလမ်းများ စဉ်းစား ရာတွင် ဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်ညီညွတ်ရန်လိုသည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
- မေလ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလှူရှင်များက လေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်းပေါင်း ၄,၆၀၀ ကို ပေးအပ်လှူဒါန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့။
အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၅-၂၀၂၂)
- အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်၍ ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဘေးသင့်သူများအတွက် အများပြည်သူမှ အလှူငွေများ လှူဒါန်းရာတွင် လွယ်လင့်တကူ လှူဒါန်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေရှာ ဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့။
- မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလှူရှင်များက လေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်းပေါင်း ၄,၆၀၀ ကို ပေးအပ်လှူဒါန်းခဲ့။
Add new comment