သာကေတမြို့နယ်ရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံများအား ၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

      မေလ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ စိစစ်ဆဲ ကျား ၄ ဦး သည် Probox (အဖြူရောင်) ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြ ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း မျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

သို့ဖြစ်၍ အကြမ်းဖက်ဓားပြတိုက်လုယက်မှုများကို မလိုလားသည့် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့ချက်များအရ ဓားပြတိုက်လုယက်ရာတွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာလူများသည် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ဓားပြခေါင်းဆောင် စိုးသန်းနိုင်ဦး (ခ)ဇော်ကြီး အပါအဝင် တရားခံ ၈ ဦးနှင့် အတူ Glock ပစ္စတို ၁  လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁  တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက်ပစ်ဗုံး ၂ လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၄,၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀ ခုနှင့် ငေွကျပ် ၃၀ သိန်းတို့အား ဖြစ်စဉ်ဖြစ်ပွားပြီး ၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ−

  • ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် Anti-Dictatorship Revolution People’s Army- DRPA အမည်ခံ အကြမ်းဖက်အဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်း၊  ငွေကြေးချမ်းသာသူများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ငွေကြေးရယူခြင်း၊ ဓားပြတိုက်ခြင်းများ ဆောင်ရွက်ရန်ရည်ရွယ်၍ အကြမ်းဖက်အုပ်စု NUG မှ တရားခံပြေး ရည်မွန်၏စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ခေါင်းဆောင်၍ အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် တရားခံပြေး ရည်မွန်သည် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၄ လုံးတို့အား ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက်(ခ) လင်းနွေ ထံသို့ ပေးပို့ခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ DRPA အမည်ခံအကြမ်းဖက်အဖွဲ့ အနေဖြင့် လုပ်ကြံသတ်ဖြတ်မှု (၁) ကြိမ်၊ အကြမ်းဖက်ဖောက်ခွဲမှု (၁) ကြိမ် နှင့် ဓားပြတိုက်လုယက်မှု (၃) ကြိမ် ကျူးလွန်ခဲ့ပါသည်-

  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(စတုတ္တပတ်)တွင် လှည်းကူးမြို့၌ အပြစ်မဲ့ပြည်သူ ဖိုးခွားအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့။
  • ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ အား ဓားပြတိုက်လုယက်ခဲ့။
  • ဧပြီလ ၃ ရက်တွင် ကျောက်တံတားမြို့နယ်ရှိ Kaung Lay Mobile ဖုန်း ဆိုင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံးတို့အား ဓားပြတိုက်လုယက်ခဲ့။
  • မေလ ၁၃ ရက်တွင် “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်နှင့်အမျိုးသမီးဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၃)

  • သာကေတမြို့နယ်ရှိ ကြယ်စင်လင်းစိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံ ၈ ဦးအား Glock ပစ္စတို ၁  လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁  တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက် ပစ်ဗုံး ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက် လုယက်ယူဆောင်သွားသည့် ငွေ ကျပ်သိန်း ၄,၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀ ခုနှင့် ငွေကျပ် ၃၀ သိန်းတို့အား ဖြစ်စဉ်ဖြစ်ပွားပြီး ၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့။
  • Anti-Dictatorship Revolution People’s Army- DRPA အမည်ခံ အကြမ်းဖက်အဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ် ခြင်း၊  ငွေကြေးချမ်းသာသူများအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ငွေကြေးရယူခြင်း၊ ဓားပြတိုက်ခြင်းများ ဆောင်ရွက်ရန်ရည်ရွယ်၍ အကြမ်းဖက်အုပ်စု NUG မှ တရားခံပြေး ရည်မွန်၏စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက် (ခ)လင်းနွေ ခေါင်းဆောင်၍ အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့။
  • ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် တရားခံပြေး ရည်မွန်သည် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည် ၁၀၀ တောင့်၊ လက်ပစ် ဗုံး ၄ လုံးတို့အား ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ထံသို့ ပေးပို့ခဲ့။
  • DRPA အမည်ခံအကြမ်းဖက်အဖွဲ့အနေဖြင့် လုပ်ကြံသတ်ဖြတ်မှု (၁) ကြိမ်၊ အကြမ်းဖက်ဖောက်ခွဲမှု (၁) ကြိမ်နှင့် ဓားပြတိုက်လုယက်မှု (၃) ကြိမ် ကျူးလွန်ခဲ့။

Add new comment