ပြည်ပနိုင်ငံများမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် မြန်မာနိုင်ငံသား ၄၀ ဦးနှင့် နိုင်ငံခြားသား ၂ ဦးတို့သည် ၁၃-၁-၂၀၂၂ ရက်တွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သဖြင့် ၁၃-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါ ပိုးတွေ့ရှိသူစုစုပေါင်း ၆၃ ဦးရှိပြီဖြစ်။
ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းဒုတိယဥက္ကဋ္ဌ Hongfa ဘုန်းတော်ကြီးကျောင်းဆရာတော် Venerable Master YinShun က လှူဒါန်းသော တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅,၀၀၀ လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီး၏ ဘုရားခန်း၌ ကျင်းပခဲ့။
Add new comment