ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့်ပတ်သက်သည့် အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

      ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးကို မေလ ၁၆ ရက်တွင် ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းနယ်မြေရှိ ပုဂံယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြောင့် ရှေးဟောင်းဘုရားအချို့နှင့် အဆောက်အအုံအချို့ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှု၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ တာဝါတိုင်ကျိုးကျ ပျက်စီးခဲ့မှု၊ ပုဂံဒေသကို Town Plan ရေးဆွဲပြီး ရေစီးရေလာများ ကောင်းမွန်စေရေးဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိမှု၊ ရှေးဟောင်းဘုရားကြီးများအတွင်း ရေများထပ်မံဝင်ရောက်မှုမရှိစေရေး ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းပြီး ရေထွက်ပေါက်များ ဖောက်လုပ်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပျက်စီးမှုဖြစ်ပေါ်ချိန်တွင်လည်း စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နိုင်ငံအတွက်အစားထိုးမရသော တန်ဖိုးဖြတ်၍မရနိုင်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သစ်ပင်များစိုက်ပျိုးရန်အတွက် မိမိအနေဖြင့် ယခင်ကတည်းက တိုက်တွန်းခဲ့ကြောင်း၊ မြေ Level များကို ထိန်းညှိနိုင်ခြင်းမရှိသဖြင့် ရေဝပ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေ Level များကို ထိန်းညှိပြီး ရေထွက် ပေါက်များ စနစ်တကျ ဖောက်လုပ်ရန်လိုကြောင်း။
  • တန်ခိုးကြီးရှေးဟောင်းဘုရားကြီးများထိခိုက်မှုမရှိအောင် စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုသကဲ့သို့ မဟာရံတံတိုင်းများနှင့် ရင်ပြင်တော်များကိုလည်း ရေဝပ်ခြင်းဖြင့် မထိခိုက်ရန်နှင့် ပြုပြင်ခြင်းများကို Check List များ ပြုစု၍ စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း။
  • ပုဂံဒေသအတွင်း မြေနှင့်ပတ်သက်၍ Survey ပြုလုပ်ရန်လိုကြောင်း၊ နယ်မြေအတွက် အန္တရာယ်ရှိသည့် အပင်အိုများကို ခုတ်ထွင်ရှင်းလင်းရန် လိုအပ်သကဲ့သို့ အပင်ပျိုများကိုလည်း ထပ်မံစိုက်ပျိုးရန်လိုကြောင်း။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သာယာလှပရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ပန်းမန်များကို စိုက်ပျိုးရန်၊ မျက်စိပသာဒဖြစ်ပြီး အရိပ်ရသည့်ပင်ကြီးမျိုးများကို စိုက်ပျိုးရန်နှင့် အမြဲတမ်းစိမ်းစိုနေသည့်အပင်များကို စိုက်ပျိုး၍ ပတ်ဝန်းကျင်အလှအပကို ဖန်တီးပေးရန်လိုကြောင်း။
  • ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်းပစ္စည်းများ လျော့နည်းပပျောက်မှုမရှိစေရေး ပစ္စည်းလုံခြုံမှုများရှိအောင် ဆောင်ရွက်ရန်နှင့် တန်ဖိုးဖြတ်မရသည့် ရှေးဟောင်းအနုပညာလက်ရာများ ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
  • ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပစ္စည်းများကိုလည်း ပုဂံဒေသမှထုတ်လုပ်သည့် ပစ္စည်းများဖြစ်စေရေး (One Region One Product) ဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး နိုင်ငံတကာဧည့်သည်များအနေဖြင့် မိမိတို့နိုင်ငံရှိ ဈေးဆိုင်များကို ကြည့်၍ မြန်မာတို့၏ ပုံရိပ်ကိုထင်ဟပ်စေနိုင်သဖြင့် စည်းကမ်းတကျရှိနေရန် လိုကြောင်း။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပြည်ပခရီးသွားများကိုစွဲဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဆိုပါက ပုဂံဒေသသည် ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့။

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၃)

  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နိုင်ငံအတွက်အစားထိုးမရသော တန်ဖိုးဖြတ်၍မရနိုင်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများ မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လို။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သစ်ပင်များစိုက်ပျိုးရန်အတွက် မိမိအနေဖြင့် ယခင်ကတည်းက တိုက်တွန်းခဲ့။
  • တန်ခိုးကြီး ရှေးဟောင်းဘုရားကြီးများထိခိုက်မှုမရှိအောင် စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုသကဲ့သို့ မဟာရံတံတိုင်းများနှင့် ရင်ပြင်တော်များကိုလည်း ရေဝပ်ခြင်းဖြင့် မထိခိုက်ရန်နှင့် ပြုပြင်ခြင်းများကို Check List များ ပြုစု၍ စနစ်တကျ ဆောင်ရွက်ကြရန်လို။
  • နယ်မြေအတွက် အန္တရာယ်ရှိသည့်အပင်အိုများကို ခုတ်ထွင်ရှင်းလင်းရန် လိုအပ်သကဲ့သို့ အပင်ပျိုများကိုလည်း ထပ်မံစိုက်ပျိုးရန်လို။
  • ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပစ္စည်းများကိုလည်း ပုဂံဒေသမှထုတ်လုပ်သည့် ပစ္စည်းများဖြစ်စေရေး (One Region One Product) ဖြစ်အောင် ဆောင်ရွက်ရန်လို။

Add new comment