ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်အား လက်ခံတွေ့ဆုံ

     ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi သည် ၎င်း၏ခန့်အပ်လွှာကို မေလ ၁၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ပေးအပ်ခဲ့ပါသည်။

ထို့နောက်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏  မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်တို့ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက် ရေးဝန်ကြီးဌာန၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများမှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးတို့အတွက် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၃)

  • မေလ ၁၆ ရက်တွင် (UNHCR) မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်က ၎င်း၏ခန့်အပ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ပေးအပ်ခဲ့။
  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် (UNHCR)   မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်တို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများမှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment