တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများအတွက် အလှူရှင်များက အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းလျက်ရှိရာ-
-
မေလ ၁၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ရခိုင်ပြည်နယ် သဘာဝဘေးသင့်ပြည်သူများအား ကူညီ ဆောင်ရွက်ရေးအတွက် အလှူငွေ ကျပ်သိန်း ၁,၀၀၀ ကို လှူဒါန်းခဲ့။
-
မေလ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ အလှူရှင်များက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများ အတွက် အလှူငွေကျပ် သိန်း ၂,၀၀၀ နှင့် ထောက်ပံ့ပစ္စည်းများအား လှူဒါန်းခဲ့။
အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၂)
|
Add new comment