နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၅ ရက်တွင် တာဝန်ရှိသူများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် စစ်တွေမြို့သို့ သွားရောက်ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပေးအပ်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်မကျရောက်မီကတည်းက ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် လတ်တလော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိမှု၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုရုံး Command Post အား မေလ ၇ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဖွင့်လှစ်ထားရှိပြီး ခရိုင် ၇ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်တို့တွင်လည်း ဖွင့်လှစ်ထားရှိမှု၊ သဘာဝဘေး အန္တရာယ်ခိုလှုံရာ Shelter များကို ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍လည်းကောင်း အသီးသီး တင်ပြဆွေး နွေးကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲ ဖြစ်လာသည့်အချိန်တွင် ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း။
- မိမိအနေဖြင့် ပျက်စီးဆုံးရှုံးခဲ့သည်များကို လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ မုန်တိုင်းမဝင်ရောက်မီ ၅ ရက်ခန့်ကတည်းက မုန်တိုင်း ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း။
- ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူလ အခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- အများပြည်သူအများဆုံး အသုံးပြုသည့်လမ်းများကို ဦးစားပေးရှင်းလင်းပေးရန် လိုကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လူအင်အားနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ စက်ယန္တရားတို့ ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း။
- ဆေးရုံများသန့်ရှင်းရေးနှင့် ဘိုးဘွားရိပ်သာများကို ခရိုင်နှင့် မြို့နယ်များအလိုက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ဦးစားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အပိုင်းလိုက် ခွဲ၍ ဆောင်ရွက်သွားရန်လိုကြောင်း။
- ယခု သဘာဝဘေးအန္တရာယ်တွင် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ သဘာဝဘေးဒဏ်ခံနိုင်သည့် လေကာပင်များနှင့် အုန်းပင်များကို တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း။
- တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် ရဟန်း၊ ရှင်လူ ပြည်သူအလှူရှင်များ၏ စုစုပေါင်းအလှူငွေကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းကို လက်ခံရရှိခဲ့ပြီး ယင်းအနက်မှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်းပေါင်း ၇၀,၀၀၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း။
- ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ရေယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း။
- လမ်းပန်းဆက်သွယ်ရေးနှင့် အများနှင့်သက်ဆိုင်သော ပညာသင်ကြားရေးဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း။
- လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးမူလအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း။
- ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်းလာသဖြင့် လက်ခံထားပြီးဖြစ်သော်လည်း မိမိတို့ရှိပြီးသား အားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း။
- အစားအသောက်နှင့်ပတ်သက်၍ စည်သွပ်ဘူးများ၊ အသင့်စား အစားအစာများ ကြိုတင်ပြင်ဆင်ထားသော်လည်း စိုက်ပျိုး၍ရသည့်နေရာများတွင် အမြန်ဆုံးပြန်လည်စိုက်ပျိုးရန်နှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ကြက်ဥများကိုလည်း အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း။
- သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပြီး လူများထိခိုက်မှု အနည်းဆုံးဖြစ်ခဲ့ခြင်းမှာ အဆိုးထဲက အကောင်းဟုပင် မှတ်ယူရမည်ဖြစ်ပြီး ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၇၀,၀၀၀ နှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ပြီး မုန်တိုင်းဝင် ရောက်မှုကြောင့် စစ်တွေမြို့အတွင်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
မုန်တိုင်းဒဏ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၌ မုန်တိုင်းမကျ ရောက်မီကာလအတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့များရှိ သဘာဝဘေးဒဏ်ခိုလှုံရာ Shelter များသို့ ဒေသခံပြည်သူ ၂၃,၇၀၀ ဦး၊ အခြားဘေးလွတ်ရာနေရာများသို့ ၆၂၆,၈၄၉ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့သည့်အပြင် IDP စခန်းများတွင် ရောက်ရှိ နေသူများအနက်မှ ၆၂,၃၁၉ ဦးအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းစတင်ဝင်ရောက်သည့် ၁၄ ရက်နေ့တွင် တစ်နာရီလေတိုက်နှုန်းမှာ ၆၀ မိုင်မှ ၁၂၀ မိုင်အထိရှိခဲ့ကာ အပြင်းဆုံးလေတိုက်ခတ်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ လူနေအိမ်များ၊ အဆောက် အဦများ၊ ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်နှင့် ဆက်သွယ်ရေးတာဝါတိုင်အချို့တို့ ပြိုကျပျက်စီးခဲ့ပြီး ၁၄ ရက်နေ့အထိ သေဆုံးသူ ၂ ဦး၊ ထိခိုက် ဒဏ်ရာရ ၂၈ ဦး ရှိကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၃)
- ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်။
- တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် ရဟန်း၊ ရှင်လူပြည်သူ အလှူရှင်များ၏ စုစုပေါင်း အလှူငွေကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းကို လက်ခံရရှိခဲ့ပြီး ယင်းအနက်မှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်းပေါင်း ၇၀,၀၀၀ ကို ပေးအပ်သွားမည်ဖြစ်။
- ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ရေယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံး ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်။
- လမ်းပန်းဆက်သွယ်ရေးနှင့် အများနှင့်သက်ဆိုင်သော ပညာသင်ကြားရေးဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်လို။
- ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားရှိပြီးဖြစ်။
- မုန်တိုင်းဒဏ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ။
- မုန်တိုင်းစတင်ဝင်ရောက်သည့် ၁၄ ရက်နေ့တွင် တစ်နာရီလေတိုက်နှုန်းမှာ ၆၀ မိုင်မှ ၁၂၀ မိုင်အထိရှိခဲ့ကာ အပြင်းဆုံးလေတိုက်ခတ်နှုန်းအထိရောက်ရှိခဲ့ပြီး လူနေအိမ်များ၊ အဆောက်အဦများ၊ ရုပ်သံထပ်ဆင့်လွှင့်တာဝါတိုင်နှင့် ဆက်သွယ်ရေးတာဝါတိုင်အချို့ တို ပြိုကျပျက်စီးခဲ့ကာ ၁၄ ရက်နေ့အထိ သေဆုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရ ၂၈ ဦး ရှိကြောင်း ကနဦးသတင်းများအရ သိရှိရ။
Add new comment