မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ

      မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ အကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို မေလ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စ၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များ မှတစ်ဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကိစ္စ၊ ကုန်သွယ်ရေးတွင် ယွမ်-ကျပ် တိုက်ရိုက်သုံးစွဲမှုမြှင့်တင်ရေးကိစ္စ၊ မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ကျင်းပခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၃)

  • မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများ၊ နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးကိစ္စ၊ ကုန်သွယ်ရေးတွင် ယွမ်-ကျပ်တိုက်ရိုက်သုံးစွဲမှု မြှင့်တင်ရေးကိစ္စ၊ မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရေးကိစ္စတို့ကို ဆွေးနွေးခဲ့။

Add new comment