အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေလ ၁၄ ရက် တွင် မြန်မာ့ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား နေ့/ညအချိန်မရွေး အသုံးပြုနိုင်ရန်အတွက် ပြေးလမ်းမီးအပါအဝင် လိုအပ်သည်များတပ်ဆင်နိုင်ရေး၊ ဆက်သွယ်မှုများ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေးနှင့် သယ်ယူပို့ဆောင်မှုများ ချောမွေ့ စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့မီးရထားနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူ အရာထမ်း/အမှုထမ်း စုစုပေါင်း ၃၆ ဦး ကို မေလ ၁၅ ရက်တွင် မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေမြို့သို့ စေလွှတ်ခဲ့ကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၂)
|
Add new comment