ရခိုင်ပြည်နယ် သဘာဝဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်း

      ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်းခြင်းကို မေလ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ဆရာတော်ကြီးက ရခိုင်ပြည်နယ်မှ သဘာဝဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေကျပ် သိန်း ၁,၀၀၀ ကို လှူဒါန်းခဲ့ရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည် လျှောက်ထားခဲ့ကြောင်း သိရှိရ ပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၂)

  • နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးက ရခိုင်ပြည်နယ်မှ သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေကျပ် သိန်း ၁,၀၀၀ ကို လှူဒါန်းခဲ့။

Add new comment