အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန်ကြောင့် မေလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်များတွင် သစ်ပင်များလဲကျခြင်းကြောင့် လမ်းများပိတ်ဆို့မှုဖြစ်ပွားခြင်း၊ လမ်းများရေတိုက်စား၍ ပျက်စီးခြင်း၊ ဓာတ်တိုင်များနှင့် သစ်ပင်များလဲကျမှုဖြစ်ပွားခြင်း၊ လူနေအိမ်များ ပြိုလဲပျက်စီးခြင်းစသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဌာနဆိုင်ရာဝန်ထမ်းများက အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူများအား မုန်တိုင်းဒဏ်၏ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ပေးလျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၅-၂၀၂၃)
- အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”၏အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့တွင် သစ်ပင်များလဲကျသဖြင့် လမ်းများပိတ်ဆို့ခြင်း၊ လမ်းများရေတိုက်စား၍ ပျက်စီးခြင်း၊ ဓာတ်တိုင်များနှင့် သစ်ပင်များ လဲကျမှုဖြစ်ပွားခြင်း၊ လူနေအိမ်များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့။
- အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ။
Add new comment