တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း၍ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သည့် ရှေ့ပြေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ရာ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် စားရေရိက္ခာများ ပို့ဆောင်ပြင်ဆင်စုဖွဲ့ထားခဲ့ပြီးဖြစ်ပါသည်။ အလားတူ မေလ ၉ ရက်မှစတင်၍ တပ်မတော်လေယာဉ်ဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်းမြို့များသို့ စားသောက်ဖွယ်ရာများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ပို့ဆောင်ပေးခဲ့ပါသည်။
လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပြီး မေလ ၁၄ ရက်တွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လာမည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့ရာ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ဆိုင်ရာပစ္စည်းများကို တင်ဆောင်ထားသည့် ယာဉ်အစီး ၁၁၂ စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ မေလ ၁၂ ရက်တွင် ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်းကောင်း၊ အရန်စုဖွဲ့မှုအဖြစ် ပုသိမ်၊ ပြည်၊ မကွေးမြို့များသို့လည်းကောင်း စေလွတ်ခဲ့ပါသည်။
အဆိုပါယာဉ်စုများတွင် ပဲ့ချိတ်စက်များ၊ ဖိုက်ဘာလှေများ၊ ချိန်းဆောနှင့် လက်သုံးကိရိယာများ၊ အသက်ကယ်အင်္ကျီများ၊ အသက်ကယ်ဘောကွင်းများ၊ မိုးကာတဲနှင့် တာပေါ်လင်များ၊ အရေးပေါ်ဆေးသေတ္တာများ၊ မြွေအဆိပ်ဖြေဆေးများ၊ မေးခိုင်ကာကွယ်ဆေးများ၊ ရေသန့်စင်ဆေးပြားများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ကုသဆေးများ၊ အရေးပေါ်ဆက်သွယ်ရေးစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် ယာဉ်ချို့ယွင်းပါက ပြင်ဆင်ရန် ယာဉ်အပိုပစ္စည်းများနှင့် ရေသန့်စင်ယာဉ်များစသည်ဖြင့် အပြည့်အစုံပါရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၅-၂၀၂၃)
-
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များဖွဲ့စည်း၍ ရှေ့ပြေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့။
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြန်မာကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပြီး မေလ ၁၄ ရက်တွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လာမည်ဟု ခန့်မှန်းထုတ်ပြန်ထား။
-
လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဆိုင်ရာပစ္စည်းများကို တင်ဆောင်ထားသည့် ယာဉ်အစီး ၁၁၂ စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ မုန်တိုင်းကျရောက်နိုင်သည့် မြို့နယ်အသီးသီးသို့ ရန်ကုန်မှ စေလွှတ်ခဲ့။
Add new comment