ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်း လှူပူဇော်ခြင်း၊ ရွှေထီးတော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

       ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို မေလ ၁၃ ရက်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများအမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က-

  • သဗ္ဗညုဘုရားရှင်အား ရည်မှန်း၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်တို့ကို သံဃာတော်များထံ လက်ရောက်ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ်က ဝစီပိတ်ဆရာတော်ကြီးထံသို့ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီးနောက် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်ခဲ့သည့် ဗိသုကာအင်ဂျင်နီယာပညာရှင်များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့။
  • ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့်ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ ကုသိုလ်တော်မဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ခဲ့။
  • မင်္ဂလာအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ဌာပနာတော်များကို သွင်းလှူပူဇော်ခဲ့ပြီးနောက် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကာ ပရိတ်နံ့သာရည်များ ပက်ဖျန်းခဲ့။

သံဃာတော်အရှင်သူမြတ်များက သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး မဟာမင်္ဂလာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ဖူး‌မြော်နိုင်စေရန်ရည်ရွယ်၍ ယခုသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး ပုံစံတူစေတီတော်ကြီးအား တည်ထားကိုးကွယ်နိုင်ရေး  ဝစီပိတ်ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏  စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၅-၂၀၂၃)

  • ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တက်ရောက်ခဲ့။
  • ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ဖူး‌မြော်နိုင်စေရန် ရည်ရွယ်၍ ပုံစံတူစေတီတော်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် စေတနာရှင်အလှူရှင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၏  စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့ခြင်းဖြစ်။

Add new comment