မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မေလ ၁၂ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီ  ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-         

  • ယခုကျင်းပမည့် ပညာရေးညီလာခံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမဆုံးကျင်းပသော ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ ခု စုပေါင်းကျင်းပသည့် ညီလာခံဖြစ်ကြောင်း။
  • ညီလာခံကို လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာရေးနှင့်  အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ အချိန်နှင့်တပြေးညီ တိုးတက်စေရန်ရည်ရွယ်၍ စာတမ်းများ ဖတ်ကြားခြင်း၊ ဆွေးနွေးပွဲကျင်းပခြင်းများ ဆောင်ရွက် ကြမည်ဖြစ်ကြောင်း။
  • “အမျိုးသားပညာရည်မြင့်မားရေး အထူးလေးနှစ်စီမံကိန်း” ကို ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်အထိ (၄) နှစ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့်အပြင် “အမျိုးသားပညာရည် မြင့်မားရေး နှစ်(၃၀)နှစ်ရှည်စီမံကိန်း” ကို စီမံကိန်းကာလ ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး နှစ် ၃၀ နှစ်ရှည်စီမံကိန်းကို ၅ နှစ်စီမံကိန်း (၆)ခု သတ်မှတ်ခဲ့ ကြောင်း။
  • ယနေ့အစည်းအဝေးတွင် ဆပ်ကော်မတီများအနေဖြင့် ညီလာခံအောင်မြင်စွာနိုင်ရေး ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည်များကို အသေးစိတ်ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြား ခဲ့။

ထို့နောက်လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ပညာရေးညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ဆောင်ရွက်ပြီးစီးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်များကို ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များပေါင်စပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၅-၂၀၂၃)

  • ယခုကျင်းပမည့် ပညာရေးညီလာခံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမဆုံးကျင်းပသော ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ ခု စုပေါင်းကျင်းပသည့် ညီလာခံဖြစ်။
  • ညီလာခံကို လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာရေးနှင့်  အနာဂတ်ပညာရေး နယ်ပယ်ကဏ္ဍများ အချိန်နှင့်တပြေးညီ တိုးတက်စေရန်ရည်ရွယ်၍ စာတမ်းများဖတ်ကြားခြင်း၊ ဆွေးနွေးပွဲကျင်းပခြင်းများ ဆောင် ရွက်ကြမည်ဖြစ်။

 

Add new comment