နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီလ ၁၃ ရက်တွင် ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊စစ်သည်မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားခဲ့ရာ-

  -  တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်တို့ အစဉ်ထက်မြက် နေအောင် လေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း။

  -  တပ်မတော်သားအားလုံးသည် တပ်မတော်ကိုချစ်သည့်စိတ်ဖြင့် မိမိကိုယ်ကို စစ်သားကောင်းတစ်ယောက်ပီသအောင် တည်ဆောက်ရမည်ဖြစ်ပြီး မိမိတပ်ဖွဲ့၊ မိမိတပ်ရင်း၊ မိမိတပ်မတော်နှင့် နိုင်ငံချစ်စိတ်များကို တည်ဆောက်ကြရန်လိုကြောင်း။

  -  တပ်မတော်သားများဖြစ်သည့်အတွက် မိမိအားတာဝန်ပေးအပ်လာပါက မည်သည့် နေရာဒေသဖြစ်စေ သွားရောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း။

  -  ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုပြီး တပ်မတော်သားတစ်ဦးချင်းအနေဖြင့် စစ်သားကောင်းပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်ကြောင်း။

  -  ဦးစီးခေါင်းဆောင်ရသူများအနေဖြင့်လည်း တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ်တို့ဖြင့် မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများ၏ ရပိုင်ခွင့်နှင့်သက်သာချောင်ချိရေးကို နည်းလမ်းတကျ မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

  -  လက်အောက်ငယ်သားများအနေဖြင့်လည်း ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို တိကျစွာလိုက်နာ၍ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင်ကြရန် လိုကြောင်း။

  -  ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍လည်း တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှငွေကြေးများကုန်ကျခံ၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း။

  -  တပ်နှင့်ပြည်သူတစ်သားတည်းရှိနေစေရန်အတွက် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများ အား လက်တွေ့ကျကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအား စားသောက်ဖွယ် ရာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။

  • တပ်မတော်သားအားလုံးသည် တပ်မတော်ကိုချစ်သည့်စိတ်ဖြင့် မိမိကိုယ်ကို စစ်သားကောင်းတစ်ယောက်ပီသအောင် တည်ဆောက်ရမည်ဖြစ်ပြီး မိမိတပ်ဖွဲ့၊ မိမိတပ်ရင်း၊ မိမိတပ်မတော်နှင့် နိုင်ငံချစ်စိတ်များကို တည်ဆောက်ကြရန်လိုကြောင်း။
  • ဦးစီးခေါင်းဆောင်ရသူများအနေဖြင့်လည်း တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ်တို့ဖြင့် မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများ၏ ရပိုင်ခွင့်နှင့်သက်သာချောင်ချိရေးကို နည်းလမ်းတကျ မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍လည်း တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှငွေကြေးများကုန်ကျခံ၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း။

Add new comment