နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၂ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်း စစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-

  • တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး တည်ငြိမ်အေးချမ်းမှုရှိအောင် ဖန်တီးဆောင်ရွက်ပေးရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များရှိသကဲ့သို့ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့များလည်းရှိ သဖြင့် အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ပေါ်ပေါက်လာသည့် PDF အမည်ခံ အကြမ်းဖက်သမားများကိုလည်း ကင်းစင်ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • အဆိုပါအကြမ်းဖက်အဖွဲ့များကို အားပေးအားမြှောက်ပြုလုပ်နေသည့် အဖွဲ့များလည်းရှိပြီး ၎င်းတို့အနေဖြင့် လူမှုကွန်ရက်များမှတစ်ဆင့် အမုန်းတရားများ ဖြစ်ပေါ်စေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
  • ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်အနေဖြင့် အစိုးရလုပ်ငန်းများကို နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊
  • ယခင်အစိုးရသက်တမ်းကာလတွင် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားပြီး အမုန်းတရားများ ဖြစ်ပေါ်လာအောင် မီဒီယာများကို အသုံးချ၍ ဆောင်ရွက်ခဲ့မှုများရှိကြောင်း။
  • တစ်ဦးချင်းကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန်လိုသကဲ့သို့ သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်းသည် မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း။
  • မည်သည့် အခြေအနေမျိုးတွင်ဖြစ်စေ စည်းကမ်းအတိုင်းလိုက်ပါ လုပ်ဆောင်နိုင်ခြင်းသည် မိမိတို့အရည်အသွေးကို မြှင့်တင်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုများ စားသောက်နေထိုင်ရေးနှင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း။
  • ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ရန်လိုကြောင်း။
  • ကျန်းမာရေးနှင့်ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှုပုံစံရှိရမည်ဖြစ်ကြောင်း။
  • အသောက်အစားအပျော်အပါးများကိုလည်း အသိတရားဖြင့် ထိန်းသိမ်းနေ ထိုင်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သူများ ဖြစ်လာမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ နောင်တုံကန်အတွင်း၌ လေ့ကျင့်ရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ) ရေကြောင်းလူငယ်အခြေခံသင်တန်း ကျိုင်းတုံစခန်းမှ သင်တန်းသား၊ သင်တန်းသူများကို သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ၏ လေ့ကျင့်ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှုကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၄-၂၀၂၃)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ ရှိသကဲ့သို့ လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အဖွဲ့များလည်းရှိ သဖြင့် အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိရေး ဆောင်ရွက်ရမည်ဖြစ်။
  • နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ပေါ်ပေါက်လာသည့် PDF အမည်ခံ အကြမ်းဖက်သမားများကိုလည်း ကင်းစင်ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်။
  • အဆိုပါအကြမ်းဖက်အဖွဲ့များကို အားပေးအားမြှောက်ပြုလုပ်နေသည့် အဖွဲ့များလည်းရှိပြီး ၎င်းတို့အနေဖြင့် လူမှုကွန်ရက်များမှတစ်ဆင့် အမုန်းတရားများဖြစ်ပေါ်စေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ။
  • ယခင်အစိုးရသက်တမ်းကာလတွင် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားပြီး အမုန်းတရားများ ဖြစ်ပေါ်လာအောင် မီဒီယာများကို အသုံးချ၍ ဆောင်ရွက်ခဲ့မှုများရှိကြောင်း။
  • ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ရန်လို။

Add new comment