ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်‌များအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေလ ၁၂ ရက်တွင် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် PDF အကြမ်းဖက်သမားများက မြန်မာ့စီးပွားရေးဘဏ်၏ အနောက်ဘက် မီတာ ၃၀၀ ခန့် အကွာမှနေ၍ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်အောင်မြေ ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သော်လည်း မီးလောင်မှုကြောင့် နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးခဲ့ပါသည်။

ထိုသို့အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၄-၂၀၂၃)

  • ချောင်းဦးမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်အောင်မြေရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့။
  • မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သော်လည်း မီးလောင်မှုကြောင့် နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးခဲ့။

Add new comment