ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် ကျင်းပသော (၁၁) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ တက်ရောက်

       ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် (၁၁) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (11th St. Petersburg International Legal Forum) ကို မေလ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဖိုရမ် သို့ ရုရှားနိုင်ငံ တရားရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ဖိုရမ်ကျင်းပနေစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာစာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် Interaction between Ministries of Justice: New Trends and Approaches ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ရာ-

  • ဥပဒေအရာရှိများသင်တန်းပေးပြီး ၎င်းတို့၏ ဥပဒေပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အချင်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထားရှိပါကြောင်း။
  • ဆိုက်ဘာမှုခင်းများ၊ ဒစ်ဂျစ်တယ်မှုခင်းများ၊ လူကုန်ကူးမှုမှုခင်းများအစရှိသော ပြစ်မှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်ရာ ထိုသို့သောမှုခင်းများကို ကာကွယ်တားဆီးတိုက်ဖျက်ရန် နိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်မှသာ ယင်းကဲ့သို့သော မှုခင်းများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါကြောင်း။
  • မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံတကာမှတရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားရေးဝန်ကြီးများ၊ ရှေ့နေရှေ့ရပ်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေပါမောက္ခများ၊ အပြည်ပြည်ဆိုင်ရာ ရှေ့နေများ၊ တရားရေးနှင့် ဥပဒေရေးရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၅-၂၀၂၃)

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့။
  • ဖိုရမ်ကျင်းပနေစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးခဲ့။

Add new comment