အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ

     အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေးကို မေလ ၁၂ ရက်တွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် Pilot Project ကာလအတွင်း ကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ဆက်လက်အကောင်အထည်ဖော်မည့်ကိစ္စရပ်များကို ဆွေးနွေး အတည်ပြုနိုင်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၅-၂၀၂၃)

  • အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် Pilot Project ကာလအတွင်း ကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ဆက်လက်အကောင်အထည်ဖော်မည့်ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုနိုင်ခဲ့။

Add new comment