မေလ ၁၀ ရက် ည ၉ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်သမားများက ကံကြီးကျေးရွာဘက်မှနေ၍ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်နေ ဦးညိုသင်း(၅၆)နှစ်၏နေအိမ်နှင့် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းများပေါ်သို့ လက်လုပ်ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ အဆိုပါပေါက်ကွဲမှု ကြောင့် ဦးညိုသင်း၏ညီမဖြစ်သူ မူလတန်းပြဆရာမ ဒေါ်အိမာမြင့်(၃၀)နှစ်နှင့် သားဖြစ်သူ မောင်ကျော်စံလင်း(၇)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ သားငယ်ဖြစ်သူ (၂)လသားအရွယ် မောင်ဇော် ဝေယံဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်ပြတင်းပေါက်မှန် ၅၂ ချပ်နှင့် မျက်နှာကြက် ၄၅ ချပ်တို့ပျက်စီးဆုံးရှုံးခဲ့ပါသည်။
PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကို မထောက်ခံသော သို့မဟုတ် ဆက်ကြေးမပေးသည့် ရပ်ကွက်၊ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အဆိုပါ ကျေးရွာများအတွင်းရှိ ရွာသူရွာသားများက ၎င်းတို့အား စက်ဆုတ်ရွံ့ရှာမုန်းတီးနေကြပါသည်။
အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူ ကလေးငယ်တစ်ဦးအား ဆေးကုသနိုင်ရေး မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၄-၂၀၂၃)
- မြိုင်မြို့နယ်၌ PDF အကြမ်းဖက်သမားများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် ကလေးငယ် ၁ ဦးတို့ သေဆုံး ကာ ၂ လသား အရွယ်ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်တစ်လုံးနှင့် စာသင်ကျောင်းတို့ပျက်စီးဆုံးရှုံးခဲ့။
Add new comment